ဆရာ့ဆရာကြီးနဲ့မှပဲ အသင်းကနေ ထွက်ချင်တဲ့ ကစားသမား (၁၁) ယောက်ရှိလာပြီလို့ သတင်းတွေထွက်

ယူနိုက်တက် ကစားသမား (၁၁) ယောက်က အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေပြီလို့ သတင်းတွေက ဖော်ပြနေပါတယ်။

ဒီကစားသမားတွေဟာ ရန်းနစ်ဂ်လက်ထက် အသင်းမှာ မပျော်ရွှင်တော့ဘဲ အသင်းရဲ့ နည်းစနစ်ပိုင်း၊ နည်းပြအဖွဲ့ဝင်တွေရဲ့ လုပ်ဆောင်ချက် အစရှိတာတွေကို မနှစ်မြို့ဘူးလို့ဆိုပါတယ်။

အသင်းတွင်း အဝတ်လဲခန်း အနေအထားက ပြိုလဲနေတယ်လို့တောင် ဆိုနေကြပြီး ရန်းနစ်ဂ်အတွက်တော့ ယူနိုက်တက်နည်းပြဘဝ ပထမဆုံးရှုံးပွဲကို ရင်ဆိုင်ရပြီးနောက်ပိုင်း ပြဿနာတွေ အတော်လေး များပြားလာခဲ့တာပါ။

အသင်းတွင်း အခြေအနေက အရမ်းကို ဆိုးရွားနေတာကြောင့် ကြီးမားတဲ့ပြဿနာတွေဖြစ်လာနိုင်တယ်လို့ သတင်းရင်းမြစ်တဦးက The Mirror သတင်းဌာနကို ပြောကြားခဲ့ပြီး ဒီအထဲက တချို့ဟာ နည်းပြဟောင်း ဆိုးလ်ရှားလက်ထက်တည်းက အသင်းက ထွက်ဖို့ သတင်းတွေထွက်ပေါ်နေတဲ့ ကစားသမားတွေဖြစ်ပါတယ်။

အမည်မဖော်ပြထားတဲ့ ယူနိုက်တက် ကစားသမားတယောက်ဆိုရင် ရန်းနစ်ဂ်ကို နည်းပြအဖြစ် ခန့်အပ်ခဲ့တုန်းက ဘယ်သူမှန်းမသိတာကြောင့် ဂူဂဲလ်ခေါက်ပြီး ရန်းနစ်ဂ်ရဲ့ နာမည်ကို ရှာဖွေခဲ့ရတယ်လို့လည်း ESPN ကဆိုပါတယ်။

ဒီ (၁၁) ယောက်ထဲမှာ ပါဝင်တဲ့ လင်ဂတ်၊ ဗန်ဒီဘိခ်၊ အဲရစ်ဘာယီ၊ ဒင်းဟန်ဒါဆန်တို့ဟာ ရန်းနစ်ဂ်လက်ထက်မှာ အခွင့်အရေးမရတာကြောင့် စိတ်ပျက်နေပြီး အစပိုင်းမှာ ဗန်ဒီဘိခ်က လက်ရှိ ဆောင်းရာသီမှာ အသင်းမပြောင်းတော့ဘူးလို့ဆိုကြပေမယ့် လက်ရှိအချိန်မှာတော့ ပြောင်းရွှေ့နိုင်တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပြန်ပါတယ်။

ဒါ့အပြင် ရော်နယ်ဒို ခြေစွမ်းမပြနိုင်ချိန်မှာ လူစားမလဲတဲ့၊ ပွဲထွက် ကစားသမားစာရင်းကနေ မချန်လှပ်ရတဲ့ ရန်းနစ်ဂ်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာလည်း ကစားသမားအချို့က တီးတိုးမေးခွန်းထုတ်နေကြတယ်လို့ သိရှိရပါတယ်။