(၂၂) ယောက်မှာ (၂၁) ယောက်က လျှာထွက်နေချိန် နောက်ထပ် (၁) နာရီ ထပ်ကန်ဖို့ အသင့်ရှိနေတဲ့ ကန်တေ

ချဲလ်ဆီး ကွင်းလယ်လူ ကန်တေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ပျံ့နှံ့နေတဲ့ ဓာတ်ပုံတပုံက ပရိသတ်တွေအကြား အတော်လေးကို ရေပန်းစားနေခဲ့ပါတယ်။

ဒီဓာတ်ပုံကတော့ ချဲလ်ဆီးနဲ့ လီဗာပူးတို့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာဖြစ်ပြီး အဲ့ဒီပွဲမှာ တဖက်နှစ်ဂိုးစီသရေုးစက်န့ ကစားခးကို  ပတ်သက်လို့ ပြမင်း ဆိုးလ်နဲ့ ပွဲပြီးဆုံးခဲ့တာပါ။

အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးကို အမှီလိုက်ဖို့အတွက် အရေးပါတဲ့ပွဲမှာ နှစ်သင်းလုံး အားကုန်ထုတ် ကစားခဲ့ရပါတယ်။

လီဗာပူးအတွက် မာနေး၊ ဆာလာတို့က ဦးဆောင်ဂိုးတွေ သွင်းပေးနိုင်ခဲ့ပေမယ့် ပထမပိုင်းမပြီးခင်မှာတင် ချဲလ်ဆီးက ကိုဗာဆစ်၊ ပူလီဆစ်တို့က ချေပဂိုးတွေ သွင်းယူပေးနိုင်ခဲ့တာကြောင့် တဖက် နှစ်ဂိုးစီသရေကျခဲ့ပါတယ်။

ဒုတိယပိုင်းမှာ အနိုင်ဂိုးရဖို့ နှစ်သင်းလုံး အားကုန်ထုတ်ခဲ့ပေမယ့် နောက်ထပ်သွင်းဂိုးတွေကို မမြင်တွေ့ရတော့ဘဲ သရေနဲ့သာ ပွဲပြီးခဲ့တာပါ။

ပွဲအပြီးမှာ နှစ်သင်းလုံးက ကစားသမားတွေ အကုန်လုံး အားကုန်နွမ်းနယ်နေချိန်မှာ ကန်တေကတော့ ဘာမှ မဖြစ်သလိုဘဲ သက်သောင့်သက်သာနဲ့ ကွင်းထဲမှာရှိနေခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ပရိသတ်တွေက ကန်တေတယောက် နောက်ထပ်တပွဲ ထပ်ကန်ခိုင်းရင်တောင် ကန်နိုင်ဦးမယ်ဆိုပြီး အဆုတ်အပိုပါတဲ့ ကစားသမားအဖြစ် ချီးကျူးနေခဲ့ကြတာပါ။

ပထမအကျော့ ဒီနှစ်သင်း တွေ့ဆုံခဲ့တုန်းကလည်း ပွဲက တော်တော်လေး ကောင်းမွန်ခဲ့ပြီး အဲ့ဒီအချိန်ကလည်း ပထမပိုင်းမှာတင် တဂိုးစီသရေကျခဲ့ကာ ဒုတိယပိုင်းမှာလည်း အကြိတ်အနယ်ကစားရင်း တဂိုးစီသရေနဲ့သာ ပွဲပြီးဆုံးခဲ့ပါတယ်။