ယူနိုက်တက် ကစားသမားတွေက ရက်ဂ်နစ် ထက် ကွန်တီ ကိုပဲ ခန့်သင့်တယ်လို့ ဝန်ခံနေကြ

အသင်းတွင်းမှာ ပြဿနာတွေ ရှုပ်ထွေးလာတာနဲ့ အမျှ မန်ချက်စတာယူနိုက်တက် ကစားသမားတွေက ရက်ဂ်နစ် အစား ကွန်တီ ကိုပဲ ခေါ်ယူသငိ့တယ်လို့ ဝန်ခံခဲ့ကြတယ်လို့ သတင်းတွေက ဖော်ပြလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ယာယီနည်းပြ ရက်ဂ်နစ် လက်ထက်မှာ အခြေအနေတွေ ရှုပ်ထွေးနေတာဖြစ်ပြီး သူ့ရဲ့နည်းဗျုဟာတွေနဲ့ ပတ်သတ်ပြီး အဝတ်လဲခန်းဟာ ပြိုကွဲနေတယ်လို့ အခုရက်ပိုင်း သတင်းတွေ ထွက်နေတာပါ။

သတင်းရင်းမြစ် တခုကတော့ ရက်ဂ်နစ် ရဲ့အုပ်ချုပ်မှုမှာ ကစားသမားတွေ ဘေးအန္တရာယ်ဖြစ်ပြီး စိတ်ဓါတ်ကျဆင်းမှာကို စိုးရိမ်တယ်လို့ The Sun ကို ပြောခဲ့ဖူးပါတယ်။မကြာသေးခင်က စွမ်းဆောင်ရည်ပိုင်းတွေ ဆိုးရွားနေပေမယ့် ပထမအသင်းအတွက် ရွေးချယ်ခံရမှုအပေါ်မှာ စိုးရိမ်မှုတွေရှိနေကြတာပါ။

ရက်ဂ်နစ် ကတော့ အခုရာသီအကုန်ထိ မန်ချက်စတာယူနိုက်တက် အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်မှာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် ကစားသမားတွေကတော့ ကွန်တီ ကို ခန့်အပ်နိုင်မယ့် အခွင့်အရေးလွဲခဲ့တဲ့ အပေါ် နောင်တတွေရနေကြတာပါ။

ကွန်တီ ဟာ မန်ချက်စတာယူနိုက်တက် နည်းပြဟောင်း ဆိုးလ်ရှား ရဲ့ရာထူးမတည်မငြိမ်ဖြစ်တဲ့ အချိန်မှာ အသင်းရဲ့နည်းပြဖြစ်လာဖို့ ရေပန်းစားခဲ့တာဖြစ်ပါတယ်။ကွန်တီ ကိုယ်တိုင်ကလည်း အိုးထရက်ဖိုဒ့်မှာ နည်းပြလုပ်ဖို့ နှစ်သက်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းဟာ ကွန်တီ ရဲ့ပုံစံကို သဘောမတွေ့တာကြောင့် ကမ်းလှမ်းမှုမပြုလုပ်ပဲ ဆိုးလ်ရှားကို သာ ဆက်ထားခဲ့ပြီး နောက်ပိုင်းမှ ထုတ်ပယ်ခဲ့တာပါ။အဲ့ဒီအချိန်မှာ ကွန်တီ ကို စပါး အသင်းက နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဆိုးလ်ရှား ကို ထုတ်ပြီးနောက် ကာရစ်ကို ယာယီကိုင်တွယ်စေခဲ့ပြီး နောက်ပိုင်းမှ ရက်ဂ်နစ် ကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။