သူ့ကို လှောင်ပြောင်နေတဲ့ စပါး ပရိသတ်တွေ ကို တိတ်တိတ်နေစမ်းပါလို့ လုပ်ပြသွားတဲ့ လူကာကူ

ပြီးခဲ့တဲ့ ရက်ပိုင်းက ချယ်လ်ဆီး အသင်းနဲ့ ပတ်သက်တဲ့ အငြင်းပွားဖွယ် အင်တာဗျုးဖြေခဲ့တာကြောင့် လီဗာပူးလ်နဲ့ ပွဲမှာ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ လူကာကူ ကတော့ စပါးနဲ့ ကာရာဘောင်းဖလား အကြိုဗိုလ်လုပွဲ ပထမအကျော့မှာ အသင်းအတွက် ပြန်လည်ပွဲထွက်လာခဲ့ပါတယ်။

လူကာကူ ဟာ နည်းပြတူချယ်လ် အပါအဝင် အသင်းဖော်တွေ၊အသင်းမှာရှိတဲ့သူတွေအားလုံးနဲ့ ပရိသတ်တွေကို တောင်းပန်ခဲ့လို့ အခုလို စပါးအသင်းနဲ့ ပွဲမှာ ပြန်လည်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ချယ်လ်ဆီး အသင်းက စပါး အသင်းကို (၂)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။စပါး အတွက် ဂိုးတွေကို ဟာဗတ်စ်နဲ့ စပါး နောက်ခံလူ ဘန်ဒေးဗီးစ် က ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တာဖြစ်ပါတယ်။လူကာကူ ဟာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ပွဲချိန်ပြည့် အသင်းအတွက် အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ စပါး အသင်း ပရိသတ်တွေက လူကာကူ ကို မင်းဟာ အင်တာမီလန် မင်းဟာ အင်တာမီလန် လူကာကူရေ မင်းဟာ အင်တာမီလန် ဆိုပြီး လှောင်ပြောင်ခဲ့ကြတာပါ။ချယ်လ်ဆီး အသင်း ဒုတိယဂိုးရပြီးတဲ့ အချိန်မှာတော့ လူကာကူ က ဒါကို ပြန်တုံ့ပြန်သွားခဲ့တာဖြစ်ပါတယ်။

လူကာကူ က စပါး အသင်း ပရိသတ်တွေကို တိတ်တိတ်နေစမ်းပါကွာဆိုတဲ့ အမူအရာကို လုပ်ပြသွားခဲ့တာပါ။ပြီးခဲ့တဲ့ နွေရာသီကမှ အင်တာမီလန် ကနေ ချယ်လ်ဆီး ကို ပြန်ရောက်လာခဲ့တာဖြစ်ပြီး မကြာသေးခင်က အင်တာဗျုးမှာ သူဟာ အင်တာမီလန် အသင်းမှာ ပြန်ကစားချင်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် စပါး ပရိသတ်တွေက လူကာကူ ကို လှောင်ပြောင်ခဲ့ကြတာပါ။ချယ်လ်ဆီး အသင်း ဟာ ဒီပွဲမှာ အနိုင်ရခဲ့တဲ့ အတွက် ဒုတိယအကျော့ ပွဲကစားဖို့ ကျန်သေးပေမယ့် ဗိုလ်လုပွဲတက်ဖို့ အခြေအနေကောင်းသွားခဲ့ပြီဖြစ်ပါတယ်။

စပါးနဲ့ ချယ်လ်ဆီး အသင်းရဲ့ဒုတိယအကျော့ ပွဲစဉ်ကို အခုလ(၁၃)ရက်မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။