ဘာကာ တံဆိပ်ကိုနင်းမိမှာစိုးလို့ ရှောင်ခဲ့တဲ့ အဲလ်ဗတ်စ် ကိုအတုယုတဲ့ လူငယ်ကစားသမား တဦး

ဒန်နီအဲလ်ဗတ်စ် ကတော့ ကြီးမားတဲ့ လေးစားမှုကို ပြတဲ့အနေနဲ့ ကွင်းပေါ်မှာ ရိက်နှိပ်ထားတဲ့ ဘာကာတံဆိပ် ကို တက်နင်းမိမှာစိုးလို့ ရှောင်လွှဲသွားခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာ လူငယ်ကစားသမားဖြစ်တဲ့ နီကို ဂွန်ဇာလတ်စ် ကလည်း ဘာကာတံဆိပ်ကို နင်းမိမှာစိုးလို့ ရှောင်လွှဲသွားခဲ့ပါတယ်။

အဲလ်ဗတ်စ် ဟာ ဘာစီလိုနာ အသင်းနဲ့ မကြာသေးခင်ကမှ အခုနှစ်ရာသီအကုန်ထိ စာချုပ်ချုပ်ဆိုထားခဲ့တာပါ။ လီနာရတ်စ် ဒီပ်ို့တီဗို အသင်းကို အနိုင်ရတဲ့ ပွဲမှာတော့ အဲလ်ဗတ်စ် ဟာ တကျော့ပြန် ဘာစီလိုနာ ကစားသမားဘ၀ ပွဲဦးထွက်ပွဲစဉ်အဖြစ် ပါ၀င်ကစားနိုင်ခဲ့ပါတယ်။

အဲလ်ဗတ်စ် ဟာ (၂၀၀၈)ကနေ (၂၀၁၆)အထိ ဘာစီလိုနာ အသင်းမှာ ကစားခဲ့ပြီး အောင်မြင်မှုတွေ အများကြီး ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ဘရာဇီင်္းလ် ကစားသမားဟာ အသင်းကနေ ထွက်သွားခဲ့ပြီး အခု ပြန်ရောက်လာတဲ့ အချိန်ထိ အသင်းအပေါ်မှာ ကြီးမားတဲ့ ချစ်ခြင်းမေတ္တာနဲ့ လေးစားမှုတွေရှိနေတာပါ။

နူးကမ့်ပ်ကွင်းမှာ ပြုလုပ်ခဲ့တဲ့ အသင်းရဲ့ လေ့ကျင့်ခန်းအစီအဉ်မှာ အဲလ်ဗတ်စ် ရဲ့ လုပ်ဆောင်ပုံဟာ လှုမှုကွန်ယက်တွေပေါ်မှာ ပျံနှံ့ခဲ့တာဖြစ်ပါတယ်။ဘရာဇီးလ် ကစားသမားဟာ အသင်းရဲ့ တံဆိပ်ပတ်ပတ်လည် ကို လျှောက်လှမ်းရာမှာ တံဆိပ်ကို နင်းမိမှာစိုးလို့ ရှောင်လွှဲသွားနေခဲ့တာပါ။

အဲလ်ဗတ်စ် ရဲ့ သြဇာလွှမ်းမိုးမှုဟာ ကြီးမားခဲ့တဲ့အတွက် အသက်(၂၀)အရွယ်ရှိ နီကို ဂွန်ဇာလတ်စ် ကလည်း အလားတူပဲ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေကတော့ အဲလ်ဗတ်စ် ရဲ့ ပြုမူပုံကို ချစ်မြတ်နိုးခဲ့တာလည်း ဖြစ်ပါတယ်။

ပရိသတ်တွေဟာ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး တွစ်တာပေါ်မှာ မှတ်ချက်တွေ အမျိုးမျိုးပေးခဲကြပါတယ်။ ပထမတဦးက “တံဆိပ်ကိ ခြွင်းချက်မရှိလေးစားချစ်ခင်နဲ့ ကစားသမားတွေလည်း လိုအပ်ပါတယ်”လို့ ဆိုပါတယ်။နောက်တဦးက “ဒန်နီဟာ ဘာစီလိုနာအသင်းကို ကွင်းတွင်းမှာရော ကွင်းပြင်ပမှာပါ လေးစားမှုပမာဏက မယုံနိုင်စရာပါပဲ”

“(၃၈)နှစ်မှာတောင် သူဟာ (၁၀၀)ရာခိုင်နှုန်းပေးမယ်ဆိုတာ အသေအချာပါပဲ”လို့ ရေးသားခဲ့တာပါ။ စပိန်ကိုပါဒယ်ရေးဖလားပွဲစဉ်မှာ ပါ၀င်ခွင့်ရပြီးနောက် ဒန်နီအဲလ်ဗတ်စ် က “အချိန်ကြာပြီးနောက် ဘာကာမှာ ပြန်ကစားရတာဟာ အထူလက်ဆောင်ပါပဲ။အနိုင်ရဖို့အတွက် အသင်းဖော်တွေနဲ့အတူ ပျော်ပျော်ပါးပါးရုန်းကန်ကြိုးစားခဲ့ရပါတယ်”

“ဒီနေ့မှာ ကျွန်တော်ဟာ နောက်ခံလူတွေနဲ့ ကွင်းလယ်ကစားသမားတွေကြားက နေရာလွတ်တွေကို ဖြည့်ပေးရတဲ့ အခန်းကဏ္ဍပါပဲ။ဒါက ကျွန်တော်ကြီးစိုးနေတဲ့ အရာပါ။ကျွန်တော့်အနားမှာ ဒီလိုအရည်အသွေးမြင့် ကစားသမားတွေရှိတာက အရာအားလုံးကို လွယ်ကူစေတယ်လို့”ပြောခဲ့တာဖြစ်ပါတယ်။