ရော်နယ်ဒို ကို ရောင်းပြီး ဂရင်းဝုဒ်၊ရက်ရ်ှဖိုဒ့်နဲ့ ဆန်ချို တို့ကို တွဲဖက်သုံးကြည့်လို့ ပြောခဲ့တဲ့ အဘွန်လဟော်

ပရီးမီးယားလ်ိဂ် တိုက်စစ်မှူးဟောင်း အဘွန်လဟော် က မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ ရော်နယ်ဒို ကို အခုလာမယ့်နွေရာသီမှာ ရောင်းချဖို့ တိုက်တွန်းလိုက်ပါတယ်။ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ နွေရာသီက ဂျုဗင်တပ်စ် အသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

MANCHESTER, ENGLAND – DECEMBER 05: Cristiano Ronaldo of Manchester United during the warm up prior to thPremier League match between Manchester United and Crystal Palace at Old Trafford on December 05, 2021 in Manchester, England. (Photo by Alex Livesey/Getty Images)

ရော်နယ်ဒို ဟာ လက်ရှိအချိန်အသင်းမှာ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတာဖြစ်ပြီး ပေါ်တူဂီကစားသမားနဲ့ သူ့ရဲ့ အသင်းဖော်တွေဟာ ဝုလ်ဗ်စ် ကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပုံစံမျိုးစုံနဲ့ ကြည့်ရှုခံခဲ့ရတာပါ။ ရော်နယ်ဒို ဟာ မကြာသေးခင်က သူ့ရဲ့ စွမ်းဆောင်ရည်တွေအတွက် ဝေဖန်ခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် ရော်နယ်ဒို ဟာ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။အဘွန်လဟော် က “ ရော်နယ်ဒိုနဲ့ ကာဗာနီ တို့(၂)ဦးလုံးကို ရှေ့တန်းမှာ ပွဲတိုင်းအလုပ်မဖြစ်ပါဘူး။ကွင်းလယ်ထဲကို ဆင်းပြီး ဘောလုံးရယူနိုင်ဖို့အတွက် အဲ့ဒီကစားသမားတွေထဲက တဦးလိုအပ်ပါတယ်”

“အဲ့ဒီနေရာမှာ သူတို့ ဖာနန်ဒတ်စ်ကို လွမ်းဆွတ်နေမှာပါ။ရော်နယ်ဒို ရောက်လာပြီးတည်းက ဖာနန်ဒတ်စ်ရဲ့ ကွာခြားချက်ကိုခင်ဗျားတို့ မြင်မိမှာပါ။ရော်နယ်ဒို မလာခင်တုန်းက ဖာနန်ဒတ်စ်က အဓိက ကစားသမားပါ။အခု ရော်နယ်ဒို က အဓိက ကစားသမားပါ”

“ရော်နယ်ဒို က ဝုလ်ဗ်စ်နဲ့ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့ပါတယ်။ရော်နယ်ဒို မရောက်ခင် မက်ဂွဲယား မပါချိန်မှာ အသင်းခေါင်းဆောင်အဖြစ်လုပ်ရတဲ့ ဖာနန်ဒတ်စ် က အခု အရန်ခုံပေါ်ရောက်သွား ပါတယ်။အဲ့ဒီမှာ တင်းမာမှုတွေရှိလာပါလိမ့်မယ်”

“အခြေအနေအားလုံးကို ကြည့်လိုက်မယ်ဆိုရင် ဆိုးလ်ရှား အနေနဲ့ ရော်နယ်ဒို ကို ရိုးရှင်းစွာ အသင်းထံ ခေါ်ဆောင်ပြီး အမှားအယွင်းလုပ်ခဲ့တာကို သိလာပါလိမ့်မယ်။ဟုတ်ပါတယ် ရော်နယ်ဒို က ဂိုးတွေသွင်းခဲ့ပေမယ့် ဂရင်းဝုဒ်ကလည်း ဂိုးသွင်းနိုင်တယ်၊ရက်ရ်ှဖိုဒ့်လည်း အဆိုပါနေရာကနေပဲ ဂိုးသွင်းနိုင်ပါတယ်”

“ကျွန်တော့်အတွက်ကတော့ နွေရာသီမှာ ရော်နယ်ဒို ကို လွှတ်လိုက်သင့်ပါတယ်။ဂရင်းဝုဒ်၊ရက်ရ်ှဖိုဒ့်နဲ့ ဆန်ချို တို့ အတူတွဲကစားကြပါစေ”လို့ ပြောခဲ့တာဖြစ်ပါတယ်။