ယူနိုက်တက် ရဲ့နည်းပြသစ်အဖြစ် ပိုချက်တီနို ထက် အဲရစ်တန်ဟတ် ကို ဦးစားပေးသတ်မှတ်

မန်ချက်စတာယူနိုက်တက် အသင်းဟာ ပိုချက်တီနို ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားမှုဟာ အေးစက်သွားခဲ့ပြီးနောက် အဲရစ်တန်ဟတ် ဟာ အဓိက ဦးစားပေး ပစ်မှတ်ဖြစ်လာတယ်လို့ သတင်းတွေက ဖော်ပြလိုက်ပါတယ်။

ပိုချက်တီနို ဟာ ဆိုးလ်ရှား ကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် မန်ချက်စတာယူနိုက်တက် အသင်းရဲ့နည်းပြသစ်ဖြစ်လာဖို့ ပထမဆုံးရွေးချယ်မှုဖြစ်ခဲ့တာပါ။ပိုချက်တီနို ကလည်း မန်ချက်စတာယူနိုက်တက် ကို လာဖို့ စိတ်အားထက်သန်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ပီအက်စ်ဂျီ အသင်းက ဇီဒန်းကို အစားထိုးခန့်အပ်ဖို့ အဆင်မပြေခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက် ကို ပိုချက်တီနို သွားမယ့် အစီအစဉ်ကို ပိတ်ပင်ခဲ့တာပါ။မန်ချက်စတာယူနိုက်တက် အသင်းဟာ ပိုချက်တီနို ကို (၂)ကြိမ်တိုင်တိုင်ခေါ်ယူဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

ဆာအဲလက်စ်ဖာဂူဆန် ကလည်း ပိုချက်တီနို ကို သဘောကျနှစ်သက်တာဖြစ်ပါတယ်။ဒါပေမယ့် The Times ကတော့ မန်ချက်စတာယူနိုက်တက် အသင်းဟာ အသင်းရဲ့လာမယ့်နည်းပြသစ်အဖြစ် ပိုချက်တီနို ကို ဦးစားပေးမသတ်မှတ်တော့ဘဲ အေဂျတ်စ်နည်းပြ အဲရစ်တန်ဟတ် ကိုသာ အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ ဖော်ပြထားတာပါ။

အဲရစ်တန်ဟတ် ဟာ ဘောလုံးလောကရဲ့အကောင်းဆုံးနည်းပြတွေထဲက တဦးအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပြီး အေဂျတ်စ် အသင်းကို (၂၀၁၇) ကမှ စတင်ကိုင်တွယ်ခဲ့ကာ လိဂ်ဖလား(၂)ကြိမ်ရယူပေးထာတာဖြစ်ပါတယ်။

အဲရစ်တန်ဟတ် ဟာ အေဂျတ်စ် အသင်းကို သူ့ရဲ့ကစားဟန်နဲ့ အတွေးအခါ်တွေကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး (၂၀၁၉) က ချန်ပီယံလိဂ်အကြိုဗိုလ်လုပွဲရောက်အောင် ပို့ဆောင်ပေးခဲ့ဝာာက ပိုပြီးအထင်ကြီးစရာဖြစ်ခဲ့တာပါ။

အဲရစ်တန်ဟတ် ကိုယ်တိုင်ကလည်း သူ့ရဲ့နည်းပြဘဝ နောက်ထပ်ခြေလှမ်းတွေ ထပ်လှမ်းချင်သေးတယ်လို့ ပြောထားတာဖြစ်ပါတယ်။