လေးစားမှုဆိုတာ ဘာမှန်းမသိတော့လောက်အောင် အောက်ခြေလွတ်သလိုဖြစ်နေတဲ့ မက်ဆီ

ပီအက်စ်ဂျီ တိုက်စစ်ကစားသမား မက်ဆီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကိုဗစ် ကူးစက်ခံခဲ့ရတုန်းက သူ့ရဲ့ အပြုအမူတွေနဲ့ ပတ်သက်လို့ အသင်း ကစားသမားဟောင်း ရိုသန်က အပြင်းအထန် ဝေဖန်လိုက်ပါတယ်။

မက်ဆီဟာ အားလပ်ရက်အတွက် မွေးရပ်မြေကို ပြန်သွားပြီးတဲ့နောက် ကိုဗစ်ကူးစက်ခံခဲ့ရတာဖြစ်ပြီး သူ့ရဲ့ ဒီလို အခြေအနေကို အသင်းနဲ့ နည်းပြဆီ တိုက်ရိုက် အစီရင်မခံခဲ့ပါဘူး။

ပိုချက်တီနိုနဲ့ အသင်းတာဝန်ရှိသူတွေဟာ မီဒီယာတွေက ဖော်ပြလာမှသာ မက်ဆီကိုဗစ် ကူးစက်ခံထားရတာကို သိရှိခဲ့ရပြီး ဒီအပေါ်မှာတော့ ရိုသန်က အပြင်းအထန် ဝေဖန်ခဲ့ပါတယ်။

ရိုသန်က “နည်းပြဆိုတာ အားလုံးရဲ့ အထက်မှာ အမြဲတမ်းရှိရပါတယ်။ မင်းဘာသာမင်း ကြယ်ပွင့်ဖြစ်ဖြစ်၊ လူငယ် ကစားသမားဖြစ်ဖြစ် နည်းပြကိုတော့ လေးစားရမှာပါ”

“ပိုချက်တီနိုက မက်ဆီနဲ့ ပတ်သက်လို့ အခြေအနေ အသေးစိတ်ကို မသိခဲ့ပါဘူး။ မက်ဆီ ဘယ်ရောက်နေမှန်းတောင် မသိခဲ့တာပါ”

“ဒါက ကောင်းတဲ့အပြုအမူမဟုတ်ပါဘူး။ မက်ဆီလို ကစားသမားမျိုးဆီကနေ ဒါမျိုးမြင်ရတော့ ကျနော် တော်တော် ရှော့ခ်ရသွားတယ်။ နည်းပြကို မလေးစားရင်တော့ မက်ဆီက ဘာအောင်မြင်မှုမှ ထပ်ရမှာမဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

မက်ဆီဟာ အရင်တည်းက ပိုချက်တီနိုအပေါ် လေးစားမှုမရှိဘူးလို့ သတင်းတွေထွက်ပေါ်နေပြီး အသင်းပိုင်ရှင် အယ်လ်ခီလိုင်ဖီနဲ့ ရင်းနှီးတဲ့ သတင်းစာကလည်း သူ့အပေါ် ပစ်မှတ်ထားဝေဖန်နေတဲ့အပေါ် စိတ်ပျက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။