လူအများအပြားရဲ့ လှောင်ပြောင်မှုခံခဲ့ရတဲ့ ယူနိက်တက် ကစားသမားကို ကာကွယ်ပေးခဲ့တဲ့ အို၀င်

ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ မိုကယ်အို၀င် ကတော့ မန်ချက်စတာယူနိက်တက် အသင်းကြီး အတွက် ပြန်ကစားနိုင်ခဲ့တဲ့ ဖီးလ်ဂျုံးစ် ကို ချီးကျုးလိုက်ပါတယ်။ဖီးလ်ဂျုံးစ် ဟာ ဝုလ်ဗ်စ် ကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပါတယ်။

(၂)နှစ်နီးပါး အကြာမှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ပြန်လည်ကစားခွင့်ရခဲ့တဲ့ ဖီးလ်ဂျုံးစ် ဟာ ဒီပွဲမှာ အကောင်းဆုံးခြေစွမ်းပြသနိင်ခဲ့တာဖြစ်ပါတယ်။ဖီးလ်ဂျုံးစ် ဟာ ဒီပွဲအပြီးမှာ မန်ချက်စတာယူနိုက်တက် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တာပါ။

မိုက်ကယ်အို၀င် က “သူဟာ အလွန်ကောင်းမွန်တဲ့ ကစားသမားပါ။လူအများအပြားက သူ့ကို လှောင်ပြောင်ခဲ့ ကြပါတယ်။သူ့ကို ပျက်ရယ်ပြုကြတယ်။သူ့ရဲ့ ဒဏ်ရာမှတ်တမ်းက မကောင်းခဲ့ပါဘူး။လူအများအပြားကတော့ သူ့ကို လှောင်ပြောင်ခဲကြပါတယ်”

“ဒါပေမယ့် သူ့ရဲ့ အရည်အသွေးကို ကျွန်တော်တို့ သိပါတယ်။သူ့ခေတ်သူ့အခါမှာ ဖီးလ်ဂျုံးစ် ဟာ အလွန်ကောင်းမွန်တဲ့ ကစားသမားဆိုတာကို ကျွန်တော်တို့ သိပါတယ်”လို့ ဆိုပါတယ်။ဖီးလ်ဂျုံးစ် ဟာ ဝုလ်ဗ်စ် နဲ့ပွဲမှာ မက်ဂွဲယား၊ဘိုင်းလီနဲ့ လင်ဒီလောဖ့် တ်ို့ မပါ၀င်နိုင်ခဲ့တာကြောင့် ဒီပွဲကို ပါ၀င်နိုင်ခဲ့တာဖြစ်ပါတယ်။

မိုက်ကယ်အို၀င် က “သူ့ကို ကြည့်ရတာ အလွန်ကောင်းပါတယ်။အလွန်လျင်မြန်တယ်။အခုခေတ်အတွက် ပြီးပြည့်စုံတဲ့ နောက်ခံလူနီးနီးပါပဲ”လို့ ပြောခဲ့တာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် ခံစစ်ဟာ ဒီရာသီမှာ စိုးရိမ်မှုတွေ အဆတ်မပြတ်ရှိနေခဲ့တာပါ။

အသစ်ခေါ်ယူထားတဲ့ ဗာရန်းကလည်း ဒဏ်ရာကြောင့်ရုန်းကန်နေရသလို မက်ဂွဲယားကလည်း အမှားအယွင်းများနေခဲ့တာဖြစ်ပါတယ်။လင်ဒီလောဖ့်နဲ့ ဘိုင်းလီ တို့ကလည်း အသင်းအတွက် ကစားပေးဖို့ လုံလောက်မှုမရှိဘူးလို့ ပရိသတ်တွေက ယုံကြည်နေကြတာဖြစ်ပါတယ်။

ဖီးလ်ဂျုံးစ် ပြန်လာတာဟာ မန်ချက်စတာယူနိုက်တက်အတွက် အားရစရာဖြစ်ခဲ့ပေမယ့် ကစားသမားရဲ့ ကြံခိုင်မှုနဲ့ ဒဏ်ရာအခြေအနေတို့ကြောင့် အင်္ဂလန်ကစားသမားဟောင်း ဟာ အသင်းရဲ့ ခံစစ်ပိုင်းအတွက် ရေရှည်ဖြေရှင်းရမယ့် အရာမဟုတ်တာက်ို သိရှိကြတာလည်းဖြစ်ပါတယ်။