တနှစ်အကြာမှာပဲ ပီအက်စ်ဂျီ ကနေ ပြန်ထွက်ခွာဖို့ ရှိနေတဲ့ မက်ဆီ

အသင်းအနေနဲ့ လိုချင်တဲ့ ပစ်မှတ်တခုကို မရောက်ရှိဘူးဆိုရင် မက်ဆီ ဟာ အသင်းကနေ ထွက်ခွာနိုင်တယ်လို့ သတင်းရင်းမြစ်တခုက ပြောခဲ့တာကြောင့် အာဂျင်တီးနား ကစားသမား ရဲ့ပီအက်စ်ဂျီ အသင်းမှာ ရှိနေတဲ့ အချိန်ဟာ တရာသီနဲ့ပဲ ကုန်ဆုံးသွားနိုင်တာဖြစ်ပါတယ်။

မက်ဆီ ဟာ ဘာစီလိုနာ အသင်းက သူ့ကို စာချုပ်သစ်ချုပ်ဖို့ အဆင်မပြေတာကြောင့် ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က ပီအက်စ်ဂျီ ကို အလွတ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

မက်ဆီ ဟာ ပီအက်စ်ဂျီ အသင်းမှာ ခြေစွမ်းပြန်ုင်ဖို့ အနည်းငယ်ရုန်းကန်နေရပြီး လီဂူးဝမ်းမှာဆိုရင် (၁၁)ပွဲကစားပြီး (၁)ဂိုးသာ သွင်းယူနိုင်ခဲ့တာပါ။ဒါပေမယ့် ချန်ပီယံလိဂ်မှာတော့ မက်ဆီ ဟာ (၅)ပွဲကစားထားပြီး (၅)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

မက်ဆီအနေနဲ့ ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီ အသင်းကို ချန်ပီယံဆု ပထမဆုံးအကြိမ်ရရှိအောင် မစွမ်းဆောင်ပေးနိုင်ဘူးဆိုရင် ထွက်သွားဖွယ်ရှိနေတာပါ။ဘာစီလိုနာ ကစားသမားဟောင်း လိုဘို က “မက်ဆီ ဟာ ဘာစီလိုနာမှာ ရှိတဲ့ မွမ်းမံပြင်ဆင်မှုတွေကို အမြဲတမ်း သတိရလွမ်းဆွတ်နေမှာပါ”

PARIS, FRANCE – DECEMBER 12: Lionel Messi #30 of Paris Saint-Germain warms up before the Ligue 1 Uber Eats match between Paris Saint Germain and AS Monaco at Parc des Princes on December 12, 2021 in Paris, France. (Photo by Catherine Steenkeste/Getty Images)

“တကယ်လို့ သူသာ ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့ရင် နောက်ထပ်တနှစ်ထပ်တိုးပြီး ရှိနိုင်ပါတယ်။ပီအက်စ်ဂျီ သာ ချန်ပီယံလိဂ်မရဘူးဆိုရင်တော့ ဒီနှစ်က ရှည်လျားသွားတော့မှာပါ။အားကစားသဘောအရ သူ့ရဲ့ဆုံးဖြတ်ချက်ကို နောင်တရတယ်လို့ ကျွန်တော်မထင်ပါဘူး”

“ဒါပေမယ့် ပုဂ္ဂိုလ်ရေးအရတော့ သူအမှားလုပ်ခဲ့မိတယ်ဆိုတာ သိပါတယ်”လို့ ပြောခဲ့ပါတယ်။မက်ဆီ ဟာ ကိုဗစ်ကူးစက်ခံရတာကြောင့် ရာသီအစပွဲစဉ်ဖြစ်တဲ့ ဗန်နက်စ် ကို အနိုင်ရခဲ့တဲ့ ပြင်သစ်ဖလားပွဲကို လွဲချော်ခဲ့တာပါ။

မက်ဆီ ဟာ ကိုဗစ်ကူးစက်မှုမရှိတော့လို့ အသင်းနဲ့ ပြန်လည်လေ့ကျင့်တော့မှာဖြစ်ပေမယ့် လိုင်ယွန် အသင်းနဲ့ ကစားမယ့် လီဂူးဝမ်းပွဲစဉ်မှာတော့ ပါဝင်ဖို့ မသေချာသေးတာလည်းဖြစ်ပါတယ်။