ရော်နယ်ဒိုနဲ့ တွေ့တဲ့နေ့မှာ သူ့ဘ၀က ပြောင်းလဲသွားခဲ့တယ်လို့ ၀န်ခံခဲ့တဲ့ ဂျီအိုဂျီနာ

ရော်နယ်ဒို ရဲ့ လက်တွဲဖော် ဂျီအိုဂျီနာ က ပေါ်တူဂီကြယ်ပွင့်နဲ့ တွေ့တဲ့နေ့မှာ သူ့ဘ၀က ပြောင်းလဲသွားခဲ့တယ်လို့ ၀န်ခံလိုက်ပါတယ်။အသက်(၂၇)နှစ်အရွယ်ရှိ မော်ဒယ်လ် က သူမဟာ ဆယ်ကျော်သက်အရွယ်မှာ မက်ဒရစ် ကိုပြောင်းရွှေ့ပြီးနောက် ချမ်းသာကြွယ်၀လာပုံကို Netflix မှတ်တမ်းစီးရီးမှာ ပြောခဲ့တာဖြစ်ပါတယ်။

ဂျီအိုဂျီနာ က “ကျွန်မ မက်ဒရစ်ကို ရောက်တုန်းက အလွန်ဆိုးရွားခဲ့ပါတယ်။တလကို ပေါင်(၂၅၀)လောက်ကုန်ကျတဲ့ စျေးပေါတဲ့ တိုက်ခန်းတွေအများကြီးကို ကြည့်ပြီး သိုလှောင်ခန်းဖြစ်တဲ့ တိုက်ခန်းတခုမှာပဲ အဆုံးသတ်ခဲ့ပါတယ်”

“ဆောင်းရာသီမှာ အေးစက်နေပြီး နွေရာသီရောက်တော့ ပူပြင်းနေပါတယ်။ရော်နယ်ဒိုနဲ့ တွေ့တဲ့ နေ့ကစပြီး ကျွန်မဘ၀က ပြောင်းလဲသွားခဲ့ပါတယ်”လို့ ဆိုပါတယ်။မှတ်တမ်းရုပ်ရှင်ဖြစ်တဲ့ ‘Soy Georgina’ ကို Netflix မှာ အခုလ(၂၇)ရက်ကျရင်ဖြန့်ချိ သွားတော့မှာပါ။

မှတ်တမ်းရုပ်ရှင်ရဲ့ ပိုစတာ ကတော့ မက်ဒရစ်မြို့ရှိ် Serrano နာမည်ကြီးလမ်းပေါ်က လက်ကိုင်အိတ်တွေ ရောင်းတဲ့ ဆိုင်မှာ လက်ထောက်စာရေးအဖြစ် လုပ်ကိုင်ခဲ့တဲ့ အချိန်တွေကို ကိုးကားပြီးဖော်ပြ ထားတာဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ ဂျီအိုဂျီနာ တို့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက အမြွှာရင်သွေးလေးတွေ လွယ်ထားရပြီဆိုတာကို ကြေညာခဲ့တာဖြစ်ပါတယ်။ဂျီအိုဂျီနာ ဟာ ဒီမှတ်တမ်းရုပ်ရှင်မှာပါတဲ့ အခန်းအတိုလေးကို သူ့ရဲ့ အင်စတာဂရမ်မှာ တင်ထားခဲ့တာဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ဂျီအိုဂျီနာ က “ဘယ်ကနေလာလဲဆိုတာကို မမေ့ဖို့ အလွန်အရေးကြီးပါတယ်။ ကလေးတွေအကြောင်းတွေတိုင်း စိတ်ထဲမှာ အမြဲခံစားရတယ်လို့”ရေးသားထားတာပါ။

ဂျီအိုဂျီနာ ဟာ လက်ကိုင်အိတ်အရောင်းဆိုင်ရဲ့ လက်ထောက်စာရေးကနေ အခုဆိုရင် အင်စတာဂရမ်မှာ ဖော်လိုဝါသန်း(၃၀)နီးပါးအထ်ိရှိလာတဲ့အထိ နာမည်ကျော်လာခဲ့ပြီး မယုံနိုင်ဖွယ်ကောင်းလောက်အောင် မြှင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။