အက်ဖ်အေကနေ ထွက်ခဲ့ရတဲ့ ငှက်ကျားတွေကို သနားစရာတွေလို့ ဝေဖန်လိုက်တဲ့ အလန်ရှီးယား

နယူးကာဆယ် အသင်း ဂန္တဝင်ကစားသမား အလန်ရှီးယား က အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်မှာ လိဂ်ဝမ်းကလပ် ကမ်းဘရစ်ခ်ျ အသင်းကို အရေးနိမ်ပြီးနောက် အသင်းရဲ့စွမ်းဆောင်ရည်ဟာ သနားစရာပဲလို့ ဝေဖန်လိုက်ပါတယ်။

ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့ နယူးကာဆယ် အသင်းဟာ အက်ဖ်အေဖလားပြိုင်ပွဲမှာတော့ အကောင်းဆုံးစွမ်းဆောင်ပြီး သူတို့ရဲ့ယုံကြည်မှုကို တိုးမြှင့်နိုင်မယ်လို့ ယုံကြည်ခဲ့ကြတာဖြစ်ပါတယ်။ကမ္ဘာ့အချမ်းသာဆုံး အသင်းဖြစ်နေတဲ့ နယူးကာဆယ် အသင်းဟာ ဒီပွဲမှာ အနိုင်ရဖို့အတွက် အတောင့်အတင်းဆုံးလူစာရင်းကို ပွဲထွက်ခဲ့တာပါ။

ဒီပွဲမှာ နယူးကာဆယ် အသင်းဟာ အသစ်ခေါ်ယူထားတဲ့ ထရစ်ပီယာ ကိုပါ ပွဲစတည်းက အသုံးပြုခဲ့ဝာာဖြစ်ပါတယ်။ဒါပေမယ့် နယူးကာဆယ် အသင်းဟာ အိမ်ကွင်းပရိသတ်ရှေ့မှောက်မှာပဲ လိဂ်ဝမ်းကလပ်ကို (၁)ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။

ဒီပွဲမှာ နယူးကာဆယ် အသင်းရဲ့အပိုင်ကန်သွင်းချက် အများအပြားကို ကမ်းဘရစ်ခ်ျ ဂိုးသမား လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့တာကလည်း နယူးကာဆယ် ရှုံးနိမ့်ခဲ့ရတဲ့ အချက်တွေထဲက တခုဖြစ်ခဲ့ဝာာလည်းဖြစ်ပါတယ်။

ပွဲအပြီးမှာ နယူးကာဆယ် အသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားဖြစ်တဲ့ အလန်ရှီးယား က “ကမ်းဘရစ်ခ်ျ က အလွန်ကောင်းမွန်ပြီး နယူးကာဆယ် ကတော့ သနားစရာလို့”သူ့ရဲ့တွစ်တာမှာ ရေးသားခဲ့ဝာာဖြစ်ပါတယ်။

နယူးကာဆယ် အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့အမှတ်ပေးဇယား အဆင့်(၁၉)နေရာမှာ ရပ်တည်နေပြီး နိုင်ပွဲ(၁)ပွဲသာ ရရှိထားတာဖြစ်ပါတယ်။တန်းဆင်းဇုန် အထက်က ဝက်ဖိုဒ့် အသင်းနဲ့ (၂)မှတ်ကွာဟနေတာပါ။

နယူးကာဆယ် အသင်းဟာ အခုလာမယ့် အပတ်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဝက်ဖိုဒ့်နဲ့ ကစားရမှာဖြစ်တာကြောင့် တန်းဆင်းဇုန်တိုက်ပွဲအတွက် ကြည့်ကောင်းမယ့် ပွဲလည်းဖြစ်လာဖွယ်ရှိနေတာဖြစ်ပါတယ်။