သူတို့ဆီက‌နေ ရီးရယ်လ် ပင်နယ်တီခိုးယူတယ်လို့ ဗလင်စီယာ ပြောတာကို ထောက်ခံခဲ့တဲ့ ပီကေး

ဗလင်စီယာ အသင်းကတော့ ရီးရယ်လ် အသင်းနဲ့ ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ရီးရယ်လ် အသင်းဟာ သူတို့ဆီကနေ ပင်နယ်တီခိုးယူသွားတယ်လို့ ပြောလိုက်ပါတယ်။ဒီပွဲမှာ ရီးရယ်လ် အသင်းက (၄)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ရီးရယ်လ် အသင်းရသွားတဲ့ အဖွင့်ဂိုးမှာ ကွင်းလယ်ကစားသမား ကတ်စမဲရိုးကို ဗလင်စီယာ နောက်ခံလူ အယ်လ်ဒါတီ က ဂိုးဧရိယာအတွင်းမှာ ပြစ်ဒဏ်ကျုးလွန်တယ်ဆိုပြီး ကွင်းလယ်ဒိုင်လူကြီးက ပင်နယ်တီအဖြစ် သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်ရပ်မှာ ဗလင်စီယာ ကစားသမားတွေက ကတ်စမဲရိုးကို ထိမိခဲ့ခြင်းမရှိပဲ ပင်နယ်တီ ပေးခဲ့တယ်ဆိုပြီး ဗလင်စီယာ အသင်းက ဒေါသထွက်နေခဲ့တာပါ။အဲ့ဒါကြောင့် ဗလင်စီယာ အသင်းက သူတို့ရဲ့တွစ်တာအကောင့်မှာ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရေးသားမှုပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

“မက်ဒရစ်မှာ လုယက်ခိုးယူမှုတွေဟာ ထပ်ခါတလဲလဲကို ဖြစ်ပျက်နေတယ်ဆိုပြီး Netflix ရဲ့နာမည်ကျော် ‘Money Heist’ရဲ့ပရိုဖိုင်ကို tag တွဲပြီး”ဖော်ပြခဲ့တာဖြစ်ပါတယ်။

ရီးရယ်လ် ကို မုန်းတီးတဲ့ ဘာစီလိုနာ နောက်ခံလူ ပီကေးကလည်း ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး မှတ်ချက်ဝင်ပေးသွားခဲ့ပါတယ်။”အသံအကျယ်ကြီး မပြောနဲ့ အပြစ်ပေးအရေးယူခံရမယ်ဆိုပြီး”ရေးသားသွားခဲ့တာပါ။

ဘန်ဇီမာ က‌တော့ ဒီပင်နယ်တီကို အကောင်းမွန်ဆုံး အဆုံးသတ်နိုင်ခဲ့ပါတယ်။ရီးရယ်လ် အတွက် နောက်ထပ်သွင်းဂိုးတွေကို ဗီနီစီးယက်စ်က (၂)ဂိုးနဲ့ ဘန်ဇီမာ က နောက်ထပ်တဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

ရီးရယ်လ် အသင်းဟာ ဒီနိုင်ပွဲနဲ့ အတူ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နေတာဖြစ်ပြီး ဗလင်စီယာ အသင်းကတော့ အဆင့်(၉)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။