၇မိနစ်အတွင်း ၃ဂိုးပေးပြီး ဂျုဗီကို အရေးနိမ့်ခဲ့လို့ ကစားသမားတွေကို ပေါက်ကွဲနေတဲ့ မော်ရင်ဟို

ဂျုဗင်တပ်စ် အသင်းကို (၇)မိနစ်အတွင်း (၃)ဂိုးပေးခဲ့ရပြီး အရေးနိမ့်ခဲ့တဲ့ ပွဲမှာ ရိုးမား ကစားသမားတွေဟာ စိတ်ပိုင်းဆိုင်ရာပြိုလဲသွားခဲ့တယ်လို့ ပြောလိုက်ပါတယ်။ရိုးမား အသင်းဟာ ဂျုဗင်တပ်စ် အသင်း ပြန်မလာခင် မိနစ်(၂၀)အထိ (၃)ဂိုး-(၁)ဂိုးနဲ့ ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။

ဂျုဗင်တပ်စ် အသင်း (၄)ဂိုး-(၃)ဂိုးနဲ့ ပြန်လည်ဦးဆောင်တဲ့ အချိန်မှာ ‌နောက်ခံလူ ဒီလိုက် (၂)ဝါ(၁)နီ နဲ့ ထုတ်ပယ်ခံခဲ့ရပြီး ရိုးမား အသင်း ပင်နယ်တီ ကန်ခွင့်ရခဲ့ပါတယ်။ဒီပင်နယ်တီကို ပယ်လီဂရီနီ ကန်သွင်းခဲ့ရာမှာ ဂျုဗင်တပ်စ် ဂိုးသမား ဆက်ဇနီ ကာကွယ်သွားနိုင်ခဲ့တာပါ။

အဲ့ဒါကြောင့် ဂျုဗင်တပ်စ် အသင်းက (၄)ဂိုး-(၃)ဂိုးနဲ့ အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။မော်ရင်ဟို ကတော့ အသင်းရဲ့စိတ်ဓါတ်ပိုင်းကို ဒေါသပေါက်ကွဲခဲ့တာဖြစ်ပါတယ်။မော်ရင်ဟို က ” ကျွန်တော်တို့မိနစ်(၇၀)အထိ အလွန်ကောင်းခဲ့ပေမယ့် အဲ့ဒီနောက်ပိုင်းမှာ စိတ်ဓါတ်ပိုင်းက ပြိုလဲသွားခဲ့ပါတယ်”

“ခင်ဗျားဒုက္ခရောက်နေတဲ့ အချိန်မှာ ဘာတွေလုပ်ထားလဲဆိုတာကို ပြန်ထပြီး ပြသရပါမယ်။အဝတ်လဲခန်းထဲမှာဆိုရင် အနည်းငယ်တော်တဲ့သူတွေ၊အနည်းငယ်အားနည်းတဲ့သူတွေရှိပါတယ်။(၃)ဂိုး-(၂)ဂိုးဖြစ်သွားတဲ့ အချိန်မှာ ကျွန်တော်တို့ဟာ အသေသတ်ခံရလိုက်ပြီ။ဂျုဗင်တပ်စ် ကတော့ စိတ်ဓါတ်ပိုင်းတောင့်တင်းသွားပါပြီ”

“ဒီရလဒ်က ကျွန်တော့်အတွက် ပြဿနာမဟုတ်ခဲ့ပေမယ့် အသင်းအတွက်တော့ ပြဿနာဖြစ်သွားခဲ့ပါတယ်။မိနစ်(၇၀)နဲ့ ပွဲပြီးသွားရင်တော့ ဒါဟာ ထူးခြားတဲ့ စွမ်းဆောင်ရည်ဖြစ်သွားမှာပါ။ကံမကောင်းစွာနဲ့ပဲ ပွဲက ဒီအချိန်နဲ့မှ ပြီးတာမဟုတ်တာ”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ရိုးမား အသင်းဟာ ဒီရလဒ်ကြောင့် အဆင့်(၄)နေရာက အတ္တလန်တာ အသင်းနဲ့ (၉)မှတ်အကွာ အဆင့်(၇)နေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။

ရိုးမား အသင်းဟာ လာမယ့်အပတ်မှာတော့ ကာဂလီယာရီ အသင်းနဲ့ စီးရီးအေ ပွဲစဉ်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။