အက်ဖ်အေဖလား နောက်တဆင့်တက်နိုင်ခဲ့လို့ ဒီဂီယာကို ကျေးဇူးတင်နေတဲ့ ရက်ဂ်နစ်

မန်ချက်စတာယူနိုက်တက် အသင်း ယာယီနည်းပြ ရက်ဂ်နစ် က အက်စတွန်ဗီလာ ကို အနိုင်ရပြီး အက်ဖ်အေဖလား စတုတ္တအဆင့်ကို တက်နိုင်ခဲ့လို့ ဂိုးသမားဖြစ်သူ ဒီဂီယာ ကို ကျေးဇူးတင်စကား ထပ်မံပြောလိုက်ပါတယ်။

Manchester United’s Portuguese midfielder Bruno Fernandes (L) passes the captain’s armband to Manchester United’s Spanish goalkeeper David de Gea during the English FA Cup third round football match between Manchester United and Aston Villa at Old Trafford in Manchester, north-west England, on January 10, 2022. – RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. (Photo by Paul ELLIS / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. (Photo by PAUL ELLIS/AFP via Getty Images)

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီပွဲမှာ တိုမီနေး ရဲ့ပထမပိုင်းမှာ သွင်းယူခဲ့တဲ့ ခေါင်းတိုက်ဂိုးကြောင့် (၁)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။မန်ချက်စတာယူနိုက်တက် အသင်းဟာ နောက်တဆင့်မှာတော့ ချန်ပီယံရှစ်ကလပ် မယ်ဒယ်ဘရော့ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဂိုးသမား ဒီဂီယာ ကတော့ ဒီရာသီမှာ ရုန်းကန်နေရတဲ့ အသင်းအတွက် ဒီပွဲမှာ ပေးဂိုးမပေးရအောင် အကောင်းဆုံးလက်စွမ်းပြသသွားနိုင်ခဲ့တာပါ။အဲ့ဒါကြောင့်လည်း နည်းပြ ရက်ဂ်နစ် က ဒီဂီယာ ကို ကျေးဇူးတင်နေခဲ့တာဖြစ်ပါတယ်။

ရက်ဂ်နစ် က “အသင်းကို ပေးဂိုးမပေးရအောင် လုပ်ဆောင်ရမှာဖြစ်ပြီး ဒီနေ့မှာတော့ နောက်ထပ်တကြိမ်ပေးဂိုးမပေးရအောင်လုပ်နိုင်ခဲ့ပါတယ်။ဒီဂီယာ ကတော့ ကျွန်တော့်အတွက် ဒီနေ့မှာလည်း ထပ်ပြီး ထူးချွန်အောင် လုပ်နေတုန်းပါပဲ”

“သူ့ကို ဒီထက်ပိုပြီးကာကွယ်မှုတွေ နည်းပါးအောင်လုပ်ပေးချင်ခဲ့တာပါ။ကျွန်တော်တို့ ဂိုးပေါက်ကန်သွင်းမှု(၄)ကြိမ် (၅)ကြိမ်လောက်ရှိခဲ့ပါတယ်။ကျွန်တော်တို့ ထပ်ပြီး တိုးတက်လာနိုင်ပါသေးတယ်”လို့ ပြောခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ အပတ်က ဝုလ်ဗ်စ် ကို အရေးနိမ့်ပြီးနောက် ဒီပွဲမှာ နိုင်ပွဲပြန်ရှာဖွေနိုင်ခဲ့တာပါ။

ရက်ဂ်နစ် က “ဒီပွဲက ပြီးပြည့်စုံတဲ့ ပွဲလို့ ပြောရင် ဘယ်သူ့မှယုံမှာမဟုတ်ပါဘူး။တကယ်လည်း မဟုတ်ခဲ့တာပါ။ကျွန်တော်တို့ ပိုကောင်းအောင် လုပ်နိုင်တဲ့အရာတွေအများကြီး ကျန်နေပါသေးတယ်။ဒါပေမယ့် ဒီပွဲမှာ ဂိုးမပေးရဖို့ က အရေးကြီးခဲ့ပြီး အားလုံးလုပ်နိုင်ခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီတပတ်မှာလည်း အက်စတွန်ဗီလာ အသင်းနဲ့ပဲ ပရီးမီးယားလိဂ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။