သူပြောင်းချင်တဲ့ ၂သင်းကို သူငယ်ချင်းတွေကို ပြောပြလိုက်တဲ့ အာကြီးပစ်မှတ် ‌ဗလာဟိုဗစ်

ဗလာဟိုဗစ် ကတော့ စီးရီးအေမှာပဲ ဆက်ရှိချင်ပြီး အာဆင်နယ်ထက် အီတလီဘောလုံးလောကရဲ့အသင်းကြီး(၂)သင်းနဲ့ လက်တွဲချင်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။အာဆင်နယ် နည်းပြ အာတီတာ ဟာ တိုက်စစ်မှူး တဦးခေါ်ယူဖို့ အပြင်းအထန်ကြိုးစားနေတာဖြစ်ပါတယ်။

အခုရာသီအကုန်မှာ တိုက်စစ်မှူးတွေဖြစ်တဲ့ လာကာဇတ်တီနဲ့ အန်ကိတ်တီယာ တို့ ဟာ စာချုပ်ကုန်ဆုံးမှာဖြစ်ပြီး အူဘာမီယန်းကလည်း အသင်းကနေ ထွက်ခွာဖွယ်ရှိနေတာပါ။အာဆင်နယ် နည်းစနစ်ဒါရိုက်တာ အီဒူးကတော့ ဒီလထဲမှာ တိုက်စစ်မှူးတဦးခေါ်ယူဖို့ ထိပ်တန်းဦးစားပေးအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

ဒါပေမယ့် ဇန်နဝါရီမှာတော့ ကစားသမားခေါ်ယူရတာ အခက်အခဲတွေတော့ရှိနေနိုင်တာဖြစ်ပါတယ်။ဒီရာသီမှာ စီးရီးအေသွင်းဂိုး(၁၆)ဂိုးအထိ သွင်းယူထားတဲ့ ဗလာဟိုဗစ် ကတော့ အာဆင်နယ် အသင်းက ခေါ်ယူဖို့ အဓိက ပစ်မှတ်ထားနေတဲ့သူလည်းဖြစ်ပါတယ်။

FLORENCE, ITALY – DECEMBER 11: Dusan Vlahovic of ACF Fiorentina celebrates after scoring goal 3-0 during the Serie A match between ACF Fiorentina and US Salernitana at Stadio Artemio Franchi on December 11, 2021 in Florence, Italy. (Photo by Giuseppe Bellini/Getty Images)

ဆိုစီဒက် တိုက်စစ်ကစားသမား အိုင်ဆက်ခ် ကလည်း အာဆင်နယ် အသင်းရဲ့နောက်ထပ်ရွေးချယ်မှုတခုအဖြစ် ရှိနေတာပါ။အီဒူး ကတော့ အခုအပြောင်းအရွှေ့မပိတ်ခင်အချိန်ထိ ဗလာဟိုဗစ် ကို သူတို့ထံ ရောင်းချနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။အာဆင်နယ် ဘုတ်အဖွဲ့ဟာ ဆားဘီးယား ကစားသမားကို ခေါ်ယူဖို့ ပေါင်သန်း(၇၀)ကျော်သုံးဖို့ ဆန္ဒရှိနေတာပါ။

ဒါပေမယ့် ဗလာဟိုဗစ် ကတော့ အာဆင်နယ် ကို လာဖို့ထက် စီးရီးအေမှာပဲ ဆက်ရှိနေချင်တာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြလိုက်ပါတယ်။ဗလာဟိုဗစ် ဟာ ဖီအိုရင်တီးနား ကနေ ထွက်ခွာခဲ့ရင် ဂျုဗင်တပ်စ် ဒါမှမဟုတ် အင်တာမီလန် ဟာ သူသွားချင်တဲ့နေရာဖြစ်တယ်ဆိုပြီး သူငယ်ချင်းတွေကို ပြောခဲ့တယ်လို့ သိရပါတယ်။

ဂျုဗင်တပ်စ် အသင်းကတော့ ဗလာဟို‌ဗစ် ကို ခေါ်ယူဖို့ ချိတ်ဆက်နေတာကြာပြီဖြစ်ပါတယ်။မိုရာတာနဲ့ မွိုက်ဆီကိန်း တို့ကို အငှားနဲ့ ခေါ်ယူထားပြီး ဒိုင်ဘားလား ကလည်း ဒဏ်ရာပြဿနာရှိနေတာကြောင့် ဗလာဟိုဗစ် ကို ခေါ်ယူဖို့ ကြိုးစားနေတာပါ။ဗလာဟိုဗစ် ကတော့ အခုအပြောင်းအရွှေ့မှာ ထွက်ခွာမှာမဟုတ်ဘဲ နွေရာသီမှသာ အပြောင်းအရွှေ့ကို စဉ်းစားမှာဖြစ်တယ်လို့ သိရပါတယ်။

စပါး အသင်းကလည်း ဗလာဟိုဗစ် ကို ခေါ်ယူဖို့ အလားအလာကောင်းတဲ့ အသင်းတွေထဲက တသင်းဖြစ်ပြီး ဘောလုံးမန်နေဂျင်းဒါရိုက်တာ ပါရာတီချီနဲ့ ကစားသမားရဲ့ကိုယ်စားလှယ်တို့ဟာ အလွန်ရင်းနှီးတဲ့ ဆက်ဆံရေးရှိနေတာဖြစ်ပါတယ်။

အာဆင်နယ် အသင်းကတော့ ဗလာဟိုဗစ် ကို ခေါ်ယူနိုင်ဖို့ ဆက်လက်တွန်းအားပေးကြိုးစားသွားမှာဖြစ်ပေမယ့် မျှော်လင့်ချက်နည်းပါးနေတယ်လို့ သတင်းတွေက ဖော်ပြထားတာဖြစ်ပါတယ်။