ရော်နယ်ဒို ထက် ဂရင်းဝုဒ်ကိုသာ ပွဲအစတည်းက သုံးသင့်တယ်လို့ ပြောလာတဲ့ ပေါလ်စခိုးလ်

ပေါလ်စခိုးလ် က ရော်နယ်ဒို ထက် ဂရင်းဝုဒ်ကိုသာ ပွဲအစတည်းက အသုံးပြုသင့်တယ်ဆိုတာ ယုံကြည်နေ တာဖြစ်ပါတယ်။ရော်နယ်ဒို ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးကစားသမားတွေထဲက တဦးအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပြီး ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် (၂၁)ပွဲပါ၀င်ကစားကာ (၁၄)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီကစားသမား ရောက်လာပြီးနောက်မှာ ဂရင်းဝုဒ်ဟာ ပွဲထွက်ခွင့်လျော့နည်းလာခဲ့တာဖြစ်ပေမယ့် ပေါလ်စခိုးလ် ကတော့ အင်္ဂလန်ကစားသမားဟာ ကလပ်ရဲ့ အနာဂတ်ဖြစ်တာကြောင့် သူ့ကိုသာ ပွဲစတည်းက အသုံးပြုသင့်တယ်လို့ ပြောခဲ့တာပါ။

ဂရင်းဝုဒ်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ အကောင်းဆုံးလူငယ်ကစားသမားတွေထဲက တဦးဖြစ်ပေမယ့် ဒီရာသီ လိဂ်ပွဲ(၁၃)ပွဲသာ ပွဲစတင်တည်းက ပါ၀င်ခဲ့ရပြီး တောင်ပံကစားသမားအဖြစ်သာ ကစားနေခဲ့ရတာဖြစ်ပါတယ်။ ပေါလ်စခိုးလ် က “ဂရင်းဝုဒ်ဟာ ထက်မြတ်တဲ့ ကစားသမားဖြစ်ပြီး အလားအလာရှိပါတယ်။ဒါပေမယ့် နည်းပြကတော့ သူ့ကို ဖယ်ထုတ်ထားပါတယ်။သူဟာ ငယ်ရွယ်တဲ့ ကစားသမားဖြစ်လို့ ပစ်မှတ်က အနည်းငယ်လွယ်ပါတယ်”

“သူဟာ ဒီအသင်းအတွက် ရှေ့တန်းမှာ ကစားသင့်ပါတယ်။ရော်နယ်ဒိုနဲ့ ကာဗာနီ တို့ဟာ သူတို့ကစားသမားဘ၀တလျှောက် ကောင်းမွန်ခဲ့ကြတဲ့ သူတွေပါ။ယူနိုက်တက် ရဲ့ ဗဟိုတိုက်စစ်မှူး က အသက်(၃၄)နှစ်နဲ့ (၃၇)နှစ်ဖြစ်ပြီး ဒါဟာ ကလပ်က ဘယ်မှာရှိလဲဆိုတာကို ပြောပြရုံပါပဲ”

“ဂရင်းဝုဒ်က အခုအချိန်နဲ့ အနာဂတ်မှာ ကစားရမှာပါ။သူဟာ အရည်အချင်းရှိတဲ့ လူငယ်ကစား သမားဖြစ်တာကြောင့် သူ့ကိုကြည့်ရတာ စိတ်ပျက်မိပါတယ်။ဘာကြောင့်လဲဆိုရင် သူဟာ အမြဲတမ်းပထမဆုံး ဖြစ်လာရမယ့်သူမို့လို့ပါ။သူဟာ တောင်ပံနေရာတွေမှာပဲ ကစားနေရပါတယ်။ဒီကောင်လေး ဟာ ရှေ့တန်းဗဟိုမှာ ကစားရမှာပါ။သူဟာ ဒီအသင်းမှာ ဂိုးတွေသွင်းမယ့်သူပါ ဒါနဲ့ပတ်သက်ပြီး သံသယမရှိပါဘူး”လို့ ဆိ်ုခဲ့ပါတယ်။

ဂရင်းဝုဒ်ဟာ ဝုလ်ဗ်စ် ကို အရေးန်ိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲနဲ့ အက်စတွန်ဗီလာ က်ို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား ပွဲတွေမှာ ပွဲထွက်ကစားခဲ့ရပေမယ့် ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့တာလည်းဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အကယ်ဒမီထွက်ကစားသမားဟာ (၂၀၁၈)ထဲက အသင်းကြီးအတွက် ပွဲထွက်ခွင့်ရရှိခဲ့တာပါ။

အင်္ဂလန်ကစားသမားဟာ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံ(၂၁)ပွဲပါ၀င်ကစား ထားပြီး (၅)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။