ထိပ်သီးကလပ်တွေ အခုပဲပြေးဝယ်ရအောင်ကို ဂိုးသွင်းစွမ်းရည်တွေ ပြသနေတဲ့ ဟာလန်း

ဥရောပထိပ်တန်းအသင်းကြီးတွေရဲ့ပစ်မှတ်အဖြစ် ရှိနေတဲ့ ဟာလန်းကတော့ ဖရိုင်းဘတ် အသင်းကို အနိုင်ရခဲ့တဲ့ ပွဲမှာလည်း ခြေစွမ်းပြပြီး ဂိုးတွေသွင်းယူသွားခဲ့ပါတယ်။

ဒီပွဲမှာ ဒေါ့မွန် အသင်းဟာ ဖရိုင်းဘတ် အသင်းကို (၅)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ဒေါ့မွန် အတွက် ဂိုးတွေကို မူနီယာနဲ့ဟာလန်းက (၂)ဂိုးစီ၊ဒါဟော့က (၁)ဂိုးသွင်းယူခဲ့တာပါ။

ဖရိုင်းဘတ် အတွက် ဂိုးကိုတော့ ဒီမာရိုဗစ် က သွင်းယူခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာ ဒေါ့မွန် အတွက် (၂)ဂိုးသွင်းယူခဲ့တဲ့ ဟာလန်း အတွက်တော့ (၂၀၂၂) မှာ သွင်းယူတဲ့ သူ့အတွက် ပထမဆုံးဂိုးတွေလည်းဖြစ်ခဲ့ဝာာပါ။

ဟာလန်း ဟာ ဒီပွဲမှာ (၂)ဂိုးသွင်းခဲ့တာကြောင့် ဒီရာသီ ဒေါ့မွန် အတွက် (၁၈)ပွဲကစားပြီး (၂၁)ဂိုးအထိ သွင်းယူထားတာဖြစ်ပါတယ်။အဲ့ဒါကြောင့် ဟာလန်း ဟာ လီဝန်ဒေါစကီး၊ဘန်ဇီမာ၊ဆာလတ် တို့နဲ့ အတူ ဥရောပထိပ်တန်း(၅)လိဂ်မှာ ဒီရာသီ ကလပ်အသင်းနဲ့ သွင်းဂိုး(၂၀)ပြည့်တဲ့ (၄)ဦးမြောက်ကစားသမားဖြစ်လာခဲ့တာပါ။

ဒါ့အပြင် နော်ဝေးတိုက်စစ်မှူး ဟာ ဒေါ့မွန် ကို ရောက်ပြီးတည်းက (၇၇)ပွဲကစားပြီး (၇၈)ဂိုးသွင်းယူထားတာလည်းဖြစ်ပါတယ်။

ဟာလန်း ရဲ့ဂိုးသွင်းစွမ်းဆောင်ရည်တွေကြောင့် သူ့ကို ခေါ်ယူဖို့ အသင်းကြီးအများအပြားက ချိတ်ဆက်နေကြပြီး အခုရာသီ အကုန်မှာ အသက်ဝင်လာမယ့် စာချုပ်ဖျက်သိမ်းကြေးကြောင့်လည်း ကစားသမားဟာ ဒေါ့မွန် ကနေ ထွက်ခွာသွားဖွယ်ရှိနေတာပါ။

By

သတင်းတွေအရ ဟာလန်း ဟာ ပရီးမီးယားလိဂ်ထက် စပိန်ကိုသာ ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။