ဘတ်ပီ ကို အသင်းမှာ ဆက်ရှိဖို့ အတွက် လက်မလျှော့သေးတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီ အသင်းဟာ တိုက်စစ်ကစားသမား ဘတ်ပီ ကို အသင်းမှာ ဆက်ထိန်းသိမ်းနိုင်ဖို့ အတွက် နောက်ဆုံးအနေနဲ့ ကြိုးပမ်းနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဘတ်ပီ ဟာ အခုရာသီအကုန်မှာ ပီအက်စ်ဂျီ နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ကုန်ဆုံးတော့မှာဖြစ်တာကြောင့် အသင်းကနေ အလွတ်နဲ့ ထွက်ခွာဖွယ်ရှိနေတာဖြစ်ပါတယ်။ဒါပေမယ့် ပြင်သစ်ကလပ်ကတော့ ဘတ်ပီ ကို ဆက်ထိန်းနိုင်ဖို့ သူတို့မျှော်လင့်ချက်ကို အဆုံးရှုံးမခံသေးတာဖြစ်ပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ ဘတ်ပီ ကို ရီးရယ်လ် အသင်းထံ မရောက်စေဖို့ အတွက် ကြီးမားတဲ့ (၂)နှစ်စာချုပ်နဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်ထားတယ်လို့ တယ်လီဖွတ် သတင်းက ဖော်ပြထားတာပါ။

ဘတ်ပီ ကတော့ ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းက ထွက်ခွာဖို့ ကြိုးစားမှာမဟုတ်ဘဲ ရာသီကုန်တဲ့အထိ ပီအက်စ်ဂျီ အသင်းနဲ့ ဆုဖလားတွေရဖို့ တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ မကြာသေးခင်က ပြောထားတာဖြစ်ပါတယ်။

ဘတ်ပီ ဟာ ပီအက်ဂျီ အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် အခုရာသီအကုန်ထိ အနာဂတ်နဲ့ ပတ်သက်ပြီး ဘာဆုံးဖြတ်ချက်မှ ချဖွယ်မရှိသေးဘူးလို့လည်း သိရပါတယ်။အချို့သတင်းတွေမှာ ဘတ်ပီ ဟာ ပီအက်စ်ဂျီမှာပဲ ဆက်ရှိဖွယ်ရှိတယ်လို့ ဖော်ပြနေတာပါ။

ဘတ်ပီ ဟာ ရီးရယ်လ် အသင်းမှာ ကစားချင်တဲ့ သူ့ရဲ့ဆန္ဒကို လှို့ဝှက်ခြင်းမရှိပဲ ထုတ်ပြောထားတာဖြစ်ပါတယ်။ရီးရယ်လ် အသင်းကလည်း ဘတ်ပီ ကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့က ကြိုးစားခဲ့ပေမယ့် ပီအက်စ်ဂျီ အသင်းက ရောင်းချဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဘတ်ပီ ဟာ ရီးရယ်လ် အသင်းကို ရာသီအကုန်မှာ အလွတ်နဲ့ပြောင်းမလား ဒါမှမဟုတ် ပီအက်စ်ဂျီ အသင်းနဲ့ စာချုပ်သစ်ချုပ်မလားဆိုတာ စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။