ယူနိုက်တက်ကို မျှော်လင့်ချက်တွေ တစွန်းတစ ပေးဖို့ ရှိနေသေးတဲ့ ကွန်တီ

စပါး နည်းပြ ကွန်တီဟာ သူ့ကို ကတိပေးထားတဲ့ အတိုင်း လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ကစားသမားသစ် မခေါ်ယူပေးဘူးဆိုရင် အသင်းကနေထွက်သွားဖို့ ရှိတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ ကွန်တီဟာ စပါးကို ကိုင်တွယ်တာ (၂) လကျော် ကာလသာရှိသေးတာပါ။

စပါးကို စတင်ကိုင်တွယ်ချိန်တုန်းက လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့မှာ လိုအပ်တဲ့ ပြင်ဆင်အားဖြည့်မှုတွေ ပြုလုပ်ပေးမယ်လို့ အသင်း တာဝန်ရှိသူတွေဘက်က ကတိပေးထားပေမယ့် လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့ တဝက်ကျိုးချိန်အထိ စပါးတို့ ကစားသမားသစ် မခေါ်ယူနိုင်သေးပါဘူး။

ကွန်တီအနေနဲ့ ဝုလ်ဗ် တောင်ပံ ကစားသမား အဒမ်မာ ထရာအိုရေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဒီအတွက် ကွင်းလယ်က အန်ဒွန်ဘီလီကို အရင်ဆုံး လက်လွှတ်ခံဖို့ အသင်းတာဝန်ရှိသူတွေက ဆန္ဒရှိနေပါတယ်။ ဒါပေမယ့် အန်ဒွန်ဘီလီကို ရောင်းထုတ်ပစ်ဖို့ကလည်း အခုထိ ခက်ခဲနေဆဲပါ။

ကွန်တီဟာ အောင်ပွဲရဖို့အတွက် ရည်မှန်း ပစ်မှတ်ထားနေတဲ့ နည်းပြတယောက်ဖြစ်ပြီး သူ့ရဲ့ ရည်မှန်းချက်တွေ ပြည့်ဝဖို့အတွက် စပါးအနေနဲ့ ကစားသမားသစ် သေချာပေါက် ခေါ်ယူပေးဖို့ လိုအပ်ပါတယ်။

ကွန်တီကိုယ်တိုင်ကလည်း ဒီအကြောင်းကို ချဲလ်ဆီးကိုရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပွဲအပြီးမှာလည်း ပြောကြားခဲ့ပါတယ်။

အဲ့ဒါကြောင့် စပါးအနေနဲ့ ကွန်တီကိုပေးထားတဲ့ ကတိအတိုင်း ကစားသမားသစ် မခေါ်ယူပေးခဲ့ရင် ကွန်တီတယောက် စပါးကနေ သေချာပေါက် ထွက်ခွာသွားဖို့ရှိပြီး တချိန်က သူ့ရဲ့ ပစ်မှတ်အသင်းဟောင်း ယူနိုက်တက်အတွက် မျက်စိကျစရာ ပြန်ဖြစ်လာနိုင်ပါတယ်။