၃၅ကိုက်အကွာကနေ အလွန်ကောင်းမွန်တဲ့ ပြစ်ဒဏ်ဘောကန်သွင်းပြခဲ့တဲ့ ဝါ့တ်ပရောက်စ်

ဆောက်သမ်တန် အသင်းခေါင်းဆောင် ဝါတ့်ပရောက်စ် ဟာ ဝုလ်ဗ်စ် ကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ မယုံနိုင်ဖွယ်ကောင်းလောက်အောင် ပြစ်ဒဏ်ဘောကနေ တိုက်ရိုက်ဂိုးသွင်းယူသွားခဲ့ပါတယ်။

ဝါတ့်ပရောက်စ် ရဲ့အထက်မှာ ပရီးမီးယားလိဂ် သမိုင်း ပြစ်ဒဏ်ဘောကနေ တိုက်ရိုက်ဂိုးအများဆုံး သွင်းတဲ့ ကစားသမားဆိုလို့ မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းသာ ရှိတာဖြစ်ပါတယ်။

ဝုလ်ဗ်စ် အသင်းက (၂)ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ထားချိန် ပွဲချိန်(၈၄)မိနစ်မှာ ဝါတ့်ပရောက်စ် က ပြစ်ဒဏ်ဘောကနေ တိုက်ရိုက်ကန်သွင်းပြီး ဆောက်သမ်တန် အတွက် ချေပဂိုးသွင်းယူခဲ့တာပါ။ဒါပေမယ့် နာကျင်အချိန်ပို အဒမ်မာထရာအိုရေးက ဝုလ်ဗ်စ် အတွက် နောက်ထပ်တဂိုးသွင်းယူခဲ့ပါတယ်။

အဲ့ဒါကြောင့် ဆောက်သမ်တန် အသင်းဟာ ဝုလ်ဗ်စ် အသင်းကို (၃)ဂိုး-(၁)ဂိုးနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ဝါတ့်ပရောက်စ် ရဲ့ပြစ်ဒဏ်ဘောကန်ချက် ဟာ ညာဘက်ကို သွားမလိုနဲ့ ဘယ်ဘက်ကို ဝေ့ဝိုက်ခဲ့တာကြောင့် ဝုလ်ဗ်စ် ဂိုးသမား ဘယ်လိုမှ မတက်နိုင်ဘဲ ဂိုးပေးခဲ့ရတာပါ။

ဝါတ့်ပရောက်စ် အတွက်တော့ ပရီးမီးယားလိဂ် မှာ ပြစ်ဒဏ်ဘောကနေ တိုက်ရိုက်ကန်သွင်းတဲ့ သွင်းဂိုး(၁၂)ဂိုးအထိ ရှိခဲ့ပြီဖြစ်ပါတယ်။ဝါတ့်ပရောက်စ် ဟာ ပရီးမီးယားလိဂ် ဂန္တဝင်တွေဖြစ်တဲ့ ဇိုလာ၊အွန်နရီ တို့နဲ့ ပြစ်ဒဏ်ဘောကနေ တိုက်ရိုက်ဂိုးသွင်းတဲ့ အရေအတွက် တူညီသွားခဲ့တာပါ။

ဒေးဗစ်ဘက်ခမ်း ကတော့ ပရီးမီးယားလိဂ် သမိုင်းမှာ ပြစ်ဒဏ်ဘောကနေ တိုက်ရိုက်ဂိုးအများဆုံး သွင်းတဲ့သူဖြစ်ပြီး (၁၈)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ဆောက်သမ်တန် အသင်းဟာ ဒီပွဲအရှုံးကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်(၁၂) နေရာမှာ ရပ်တည်နေတာဖြစ်ပြီး လာမယ့်အပတ်မှာ မန်စီးတီး အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။