ဘာကာ ကို ပြန်ဖို့ မိသားစုတွေရဲ့‌တွန်းအားပေးခြင်းခံနေရတဲ့ မက်ဆီ

ပီအက်စ်ဂျီ တိုက်စစ်ကစားသမား မက်ဆီ ရဲ့မိသားစုဟာ ဘာစီလိုနာ ကို ပြန်လည်ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေကြတယ်လို့ သတင်းတွေမှာ ဖော်ပြလိုက်ပါတယ်။ပြီးခဲ့တဲ့ နွေရာသီက ပြင်သစ်ကလပ် ကို ရောက်လာတဲ့ မက်ဆီ ဟာ အသားကျဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။

မက်ဆီ ဟာ ပီအက်စ်ဂျီ အသင်းအ‌တွက် လီဂူးဝမ်းပြိုင်ပွဲမှာ (၁)ဂိုးသာ သွင်းယူထားပေမယ့် ချန်ပီယံလိဂ်မှာတော့ (၅)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

အယ်လ်နေစီယွန်နယ် ကတော့ မက်ဆီ ရဲ့ဇနီးဖြစ်တဲ့ အန်တိုနယ်လာ ဟာ ပဲရစ်ရဲ့ရာသီဥတုနဲ့ ကလေးငယ်တွေအတွက် ရာသီဥကာတာလိုးနီးယား ကို ပြန်ဖို့ ဆန္ဒရှိနေတာလို့ ဖော်ပြထားတာပါ။

ဘာစီလိုနာ နည်းပြ ဇာဗီနဲ့ ညာနောက်ခံလူ အဲလ်ဗတ်စ် တို့ ဟာ မက်ဆီ နဲ့ အသင်းမှာ ပြန်လည်ဆုံဆည်းနိုင်ဖို့ မျက်စိကြနေကြတယ်လို့ အဆိုပါ သတင်းက ဖော်ပြထားတာဖြစ်ပါတယ်။ဒါပေမယ့် မက်ဆီ ရဲ့ဖခင်ကတော့ ဒါကို ငြင်းဆန်ထားပါတယ်။

လာပေါ်တာနဲ့ ဘာစီလိုနာ အသင်းဟာ သူတို့ကို သစ္စာဖောက်တယ်လို့ ယူဆတာကြောင့် ဒီအစဉ်ကို ဆန့်ကျင်နေခဲ့တာပါ။မက်ဆီ နဲ့ ပီအက်စ်ဂျီ တို့ ချူပ်ဆိုထားတဲ့ စာချုပ်ဟာ (၂၀၂၃) အထိ စာချုပ်ရှိနေပြီး တနှစ်ထပ်မံသက်တမ်းတိုးခွင့် ရှိနေတာဖြစ်ပါတယ်။

မက်ဆီ ဟာ မကြာသေးခင်က ကိုဗစ်ကူးစက်မှုကနေ ပြန်လည်သက်သာလာခဲ့ပေမယ့် ဘရက်စ် ကို အနိုင်ရခဲ့တဲ့ အသင်းလူစာရင်းမှာတော့ မပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။

ပီအက်စ်ဂျီ အသင်း ဟာ ဒီမနက်က ဘရတ်စ် အသင်းနဲ့ ကစားခဲ့ရာ (၂)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ပီအက်စ်ဂျီ အတွက်ဂိုးတွေကို ဘတ်ပီနဲ့ ကယ်လ်ဟာ တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။