စပိန်စူပါဖလားချန်ပီယံဆုရပြီးနောက် ရီးရယ်လ် အနာဂတ်ကို ရှင်းရှင်းလင်းလင်းပြောခဲ့တဲ့ မိုဒရစ်

မိုဒရစ် ကတော့ ရီးရယ်လ် အသင်းမှာ ဆက်နေချင်တဲ့ ဆန္ဒကို ရှင်းရှင်းလင်းလင်းပဲ ပြောလိုက်ပြီး စာချုပ်သစ်အတွက် သဘောတူညီမှုရယူဖို့ မျှော်လင့်နေတယ်လို့ ဆိုလိုက်ပါတယ်။

မိုဒရစ် ဟာ ရီးရယ်လ် အသင်းက ဘီလ်ဘာအို အသင်းကို (၂)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး စပိန်စူပါဖလား ရခဲ့တဲ့ ဒီပွဲမှာ အကောင်းဆုံးခြေစွမ်းပြသခဲ့ပြီး အကောင်းဆုံးကစားသမားဆုကိုပါ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ရီးရယ်လ် အသင်းမှာ အရေးပါတဲ့ ကစားသမားအဖြစ် အခုအချိန်ထိ စွမ်းဆောင်နေသေးတဲ့ မိုဒရစ် ဟာ ဒီပွဲမှာလည်း အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ဝာာပါ။ဒါပေမယ့် မိုဒရစ် ရဲ့ရီးရယ်လ် အနာဂတ်ဟာ အခုအချိန်ထိ ရှင်းရှင်းလင်းလင်းမရှိသေးတာဖြစ်ပါတယ်။

မိုဒရစ်နဲ့ ရီးရယ်လ် အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး စာချုပ်သစ်အတွက် သဘောတူညီမှုမရသေးတာဖြစ်ပါတယ်။မိုဒရစ် ကို ခေါ်ယူဖို့ မန်စီးတီး အသင်းက ချိတ်ဆက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

ဒါပေမယ့် ခရိုအေးရှား ကစားသမားကတော့ သူဟာ ဒီမှာပဲ ဆက်ရှိချင်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။မိုဒရစ် က “ရီးရယ်လ် ကစားသမားဖြစ်ရတာထက် ကျွန်တော့်အတွက် ပိုကောင်းတဲ့အရာမရှိပါဘူး။အခု သက်တမ်းတိုးဖို့ မစဉ်းစားသေးပါဘူး”

“ကျွန်တော်လိုချင်တာကို ကလပ်ကသိပါတယ်။မကြာခင်မှာ သဘောတူညီမှုရပြီဆိုတာကို ကျွန်တော်တို့ အကောင်အထည်ဖော်မှာ သေချာပါတယ်”လို့ ပြောခဲ့ပါတယ်။

မိုဒရစ် ဟာ (၂၀၁၂) က စပါး ကနေ ရီးရယ်လ် ကို ရောက်လာတာဖြစ်ပြီး အသင်းအတွက် (၄၁၃)ပွဲပါဝင်ကစားထားကာ (၂၉)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ဘောလွန်းဒီအော ဆုရထားတဲ့ မိုဒရစ် ဟာ ရီးရယ်လ် အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား(၄)ကြိမ်အပါအဝင် ဆုဖလားအများအပြားရယူထားတာဖြစ်ပါတယ်။