ဖီဖာတနှစ်တာအကောင်းဆုံး ကစားသမားဆုကို ၂နှစ်ဆက်တိုက် ရယူလိုက်တဲ့ လီဝန်ဒေါစကီး

ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါစကီး ဟာ (၂၀၂၁) အတွက် ဖီဖာတနှစ်တာ အကောင်းဆုံးအမျိုးသားကစားသမား‌ဆုကို ရယူနိုင်ခဲ့ပါတယ်။လီဝန်ဒေါစကီး ဟာ ပြီးခဲ့တဲ့နှစ်ကလည်း ဒီဆုကို ရယူနိုင်ခဲ့တာကြောင့် (၂)နှစ်ဆက်တိုက် ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

လီဝန်ဒေါစကီး ဟာ ပြီးခဲ့တဲ့နှစ်မှာ (၆၉)ဂိုးသွင်းယူခဲ့ပြီးနောက် အခုနှစ်အတွက် ဆုကို မက်ဆီနဲ့ ဆာလတ် ကို ကျော်ဖြတ်ကာ ရယူနိုင်ခဲ့တာပါ။

လီဝန်ဒေါစကီး ဟာ ပြီးခဲ့တဲ့နှစ်က ဂျာမန်ဂန္တဝင် ဂတ်မူလာ ရဲ့(၄၉)နှစ်ကြာ တင်ထားတဲ့ ဘွန်ဒစ်လီဂါ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။ပိုလန် တိုက်စစ်မှူး ဟာ ဘွန်ဒစ်လီဂါ ပြက္ခဒိန် တနှစ်အတွင်း လိဂ်ပွဲ(၃၄)ပွဲမှာ (၄၃)ဂိုးသွင်းပြီး ဂိုးသွင်းအများ‌ဆုံး ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တာပါ။

ဖီဖာရဲ့အမျိုးသမီးတနှစ်တာ အကောင်းဆုံး ကစားသမားဆုကိုတော့ ဘာစီလိုနာ ကစားသမား ပူတယ်လ်လက်စ် က ရရှိသွားခဲ့ပါတယ်။ပူတယ်လ်လက်စ် ဟာ ဘောလွန်းဒီအောဆုကို ရယူထားခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီး နည်းပြတွေဖြစ်တဲ့ တူချယ်လ်နဲ့ ဟေးရက်စ် တို့ကတော့ အကောင်းဆုံး အမျိုးသားနဲ့ အမျိုးသမီး နည်းပြဆုတွေကို ရယူနိုင်ခဲ့တာပါ။

ချယ်လ်ဆီး ဂိုးသမား မန်ဒီ ကတော့ အကောင်းဆုံးအမျိုးသား ဂိုးသမားဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။အကောင်း‌ဆုံးသွင်းဂိုးဆုဖြစ်တဲ့ ပွတ်စ်ကတ်ဆုကိုတော့ လာမယ်လာ ရဲ့သွင်းဂိုးက ရရှိခဲ့တာပါ။

U

ဖီဖာရဲ့Fair Play Award ဆုကိုတော့ အဲရစ်ဆင် ရဲ့အဖြစ်အပျက်မှာ ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့တဲ့ ဒိန်းမတ်အသင်းနဲ့ ဆေးအဖွဲ့တို့က ရရှိသွားခဲ့တာဖြစ်ပါတယ်။