ဖီဖာအကောင်းဆုံးကစားသမားဆုအတွက် ရော်နယ်ဒိုနဲ့ မက်ဆီ ဘယ်သူ့ကို မဲပေးခဲ့တာလဲ?

ရော်နယ်ဒို ကတော့ ဖီဖာအကောင်းဆုံးအမျိုးသား ကစားသမားဆုအတွက် လီ၀န်ဒေါစကီးကို မဲပေးရွေးချယ်ခဲ့တာဖြစ်ပြီး၊မက်ဆီ ကတော့ သူ့ရဲ့ ပီအက်စ်ဂျီအသင်းဖော် နေမာ ကို မဲပေးခဲ့တာဖြစ်ပါတယ်။

(၂၀၂၁) အတွက် ချီးမြှင့်တဲ့ ဖီဖာတနှစ်တာ အကောင်းဆုံးအမျိုးသားဆုကိုတော့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီ၀န်ဒေါစကီး က ရရှိသွားခဲ့တာဖြစ်ပါတယ်။မက်ဆီ က ဒုတိယနဲ့ ဆာလတ် က တတိယနေရာမှာ ရပ်တည်ခဲ့တာဖြစ်ပါတယ်။

လီ၀န်ဒေါစကီး ဟာ ပြီးခဲ့တဲ့နှစ်ကလည်း ဒီဆုကို ရရှိခဲ့တာကြောင့် (၂)နှစ်ဆက်တိုက် ဒီဆုကို ရယူနိုင်ခဲ့တာပါ။လက်ရွေးစင် အသင်းခေါင်းဆောင်တွေ၊နည်းပြတွေ၊မီဒီယာတွေနဲ့ ပရိသတ်တွေက မဲပေးရွေးချယ်ခဲ့တာဖြစ်ပြီး ပိုလန်တိုက်စစ်မှူး က (၄၈)မှတ်နဲ့ ပထမရရှိခဲ့တာဖြစ်ပါတယ်။

မက်ဆီ က (၄၄)မှတ်ရခဲ့တာဖြစ်ပြီး ဆာလတ် က (၃၉)မှတ် ရရှိခဲ့တာပါ။ပေါ်တူဂီ အသင်းခေါင်းဆောင် ရော်နယ်ဒို ဟာ လီ၀န်ဒေါစကီးကို ပထမအနေနဲ့ မဲပေးခဲ့တာဖြစ်ပြီး ချယ်လ်ဆီး ကွင်းလယ်လူ ကန်တီနဲ့ ဂျော်ဂျင်ဟို တို့ကို ဒုတိယနဲ့ တတ်ိယနေရာတွေအဖြစ် မဲပေးခဲ့တာပါ။

အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီ ကတော့ ပီအက်စ်ဂျီ အသင်းဖော်တွေ ဖြစ်တဲ့ နေမာ ကို ပထမ၊ဘတ်ပီ ကို ဒုတိယနေရာတွေမှာ မဲပေးခဲ့တာဖြစ်ပါတယ်။ရီးရယ်လ် တိုက်စစ်မှူး ဘန်ဇီမာ ကိုတော့ တတိယနေရာမှာ မဲပေးရွေးချယ်ခဲ့တာပါ။

ဆုရရှိခဲ့တဲ့ လီ၀န်ဒေါစကီးကလည်း မဲပေးရွေးချယ်ခဲ့ပြီး ဂျော်ဂျင်ဟို ကို ပထမအဖြစ် မဲပေးခဲ့ကာ မက်ဆီ ကို ဒုတ်ိယနဲ့ ရော်နယ်ဒို ကို တတိယအဖြစ် မဲပေးခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ကတော့ ဒီဆုပေးပွဲမှာ နိုင်ငံတကာသွင်းဂိုးအများဆုံး (၁၁၅)ဂိုးသွင်းယူထားတာကြောင့် ဖီဖာ က အထူးဆုအဖြစ် ပေးအပ်ခဲ့တာပါ။ဒါ့အပြင် ပေါ်တူဂီ အသင်းခေါင်းဆောင် ဟာ ဖီဖာပရိုရဲ့ ကမ္ဘာ့အကောင်းဆုံး (၁၁)ဦးစာရင်းမှာလည်း ပါ၀င်ခဲ့တာဖြစ်ပါတယ်။