ဘန်ဇီမာ ကို ဆက်ထိန်းမလား ဟာလန်းကို ခေါ်မလားဆိုတာ ဆုံးဖြတ်ရမယ့် ပါပါပီရတ်ဇ်

ဘန်ဇီမာ ကတော့ အသင်းအနေနဲ့ ဟာလန်း ကို ခေါ်ယူခဲ့မယ်ဆိုရင် လာမယ့်နွေရာသီမှာ ရီးရယ်လ် အသင်းကနေ ထွက်ခွာမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။ဘန်ဇီမာ ဟာ အသင်းဥက္ကဌ ရဲ့တိုက်စစ်မှူးသစ် တဦးခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ အပေါ် မပျော်မရွှင်ဖြစ်နေတာဖြစ်ပါတယ်။

အသက်(၃၄)နှစ်အရွယ် တိုက်စစ်မှူး ဟာ ဒီရာသီမှာ ရီးရယ်လ် အသင်းအတွက် (၂၇)ပွဲကစားပြီး (၂၄)ဂိုး သွင်းယူထားတာဖြစ်ပါတယ်။ဒါပေမယ့် ရီးရယ်လ် အသင်းဟာ နွေရာသီမှာ ဒေါ့မွန် က ထွက်ခွာဖွယ်ရှိနေတဲ့ ဟာလန်းကို ခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

ဘန်ဇီမာ ကတော့ ဒီသတင်းတွေအပေါ် အလွန်ဒေါသထွက်နေတာဖြစ်ပြီး အယ်လ်နေစီယွန်နယ် ကတော့ ကလပ်အသင်းဟာ အဆိုပါတိုက်စစ်မှူး(၂)ဦးအကြားမှာ ရွေးချယ်ရဖွယ်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ဘန်ဇီမာ ကတော့ အသင်းကနေ ထွက်ခွာဖို့ လမ်းဖွင့်ထားတာပါ။

ဘန်ဇီမာ ကတော့ ဟာလန်းသာ အသင်းထံရောက်လာမယ်ဆိုရင် သူဟာ ထွက်ခွာသွားဖို့ ဆန္ဒရှိနေ တာဖြစ်ပါတယ်။နော်ဝေတိုက်စစ်မှူးဟာ အခုရာသီအကုန်မှာ အသင်းကနေ ထွက်ခွာဖို့ ရွေးချယ်ခွင့်တွေ ရှိနေတာပါ။

ဟာလန်းနဲ့ ဒေါ့မွန်တို့ ချုပ်ဆိုထားတဲ့ စာချုပ်အရ စာချုပ်ဖျက်သိမ်းကြေး ပေါင်(၆၄)သန်းဟာ အခုရာသီအကုန်မှာ အသက်၀င်လာတော့မှာဖြစ်ပါတယ်။ဒေါ့မွန် အသင်း စီအီးအိုကလည်း ဟာလန်းကို အသင်းမှာ ဆက်ထိန်းဖို့ ခက်ခဲလိမ့်မယ်လို့ ၀န်ခံထားတာဖြစ်ပါတယ်။

ဘန်ဇီမာ နဲ့ ရီးရယ်လ် တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၂၀၂၃)မှာ ကုန်ဆုံးမှာဖြစ်ပြီး ပြင်သစ်တိုက်စစ်မှူး ကို ခေါ်ယူဖို့ ပီအက်စ်ဂျီ အသင်းက စိတ်၀င်စားနေတာဖြစ်ပါတယ်။ရီးရယ်လ် အသင်းဟာ ဘတ်ပီ ကို ခေါ်ယူဖို့ ချိတ်ဆက်နေတာဖြစ်ပြီး ဘန်ဇီမာ ဟာ ဘတ်ပီ နဲ့ စပိန်ကလပ်မှာ အတူတွဲကစားချင်နေတာပါ။

W

ဘန်ဇီမာ ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ရီးရယ်လ် အသင်းအတွက်ရော ပြင်သစ်လက်ရွေးစင် အသင်းအတွက် ပါခြေစွမ်းပြသနေတာကြောင့် (၂၀၂၁) အတွက် ပြင်သစ်တနှစ်တာ အကောင်းဆုံး ကစားသမားဆုကို မကြာသေးခင်ကမှ ရယူထားတာဖြစ်ပါတယ်။