ချစ်သူအသစ် ကို လူသိရှင်ကြားချပြလိုက်ပြီဖြစ်တဲ့ နေမာ

ဘရာဇီးလ် စူပါစတားဖြစ်တဲ့ နေမာ ဟာ ချစ်သူအသစ်ဖြစ်တဲ့ ဘီယန်ကာဒီနဲ့ လျှို့ဝှက်တွေ့ ဆုံရာကနေ လူသိရှင်ကြား တွဲပြလာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

သူတို့(၂)ဦးဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက အိုင်ဘီဇာမှာ အတူတွဲနေကြတဲ့ပုံတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ဘရာဇီးလ် အလှမယ် ဟာ ခရစ္စမတ်ကာလတုန်းကလည်း နေမာနဲ့ အတူ ဘရာဇီးလ်ကို ပြန်လာခဲ့တာဖြစ်ပါတယ်။

ဘီယန်ကာဒီ ဟာ နေမာ ရဲ့ ကလပ်အသင်းဖော်တွေဖြစ်တဲ့ ဒီမာရီယာ၊ဗာရတ်တီ၊ပီရီဒတ်စ်၊မက်ဆီ တို့နဲ့ ဓါတ်ပုံအတူတွဲရိုက်ခဲ့ပြီး ဒီပုံကို သူ့ရဲ့အကောင့်မှာ တင်ခဲ့တာဖြစ်ပါတယ်။ဘီယန်ကာဒီ ဟာ ပီအက်စ်ဂျီ နဲ့ နန့်တက်စ် အသင်းတို့ ကစားခဲ့တဲ့ ပွဲမှာလည်း နေမာနဲ့ အတူ ရှိနေခဲ့တာဖြစ်ပါတယ်။

နေမာ ဟာ စိန့်အန်တီယန် ကို အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူး ၀မ်းပွဲစဉ်မှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် (၈)ပတ်ကြာ အနားယူနေရတာဖြစ်ပါတယ်။သူတို့(၂)ဦးလုံးဟာ တရား၀င်တွဲနေပြီလို့ အတည်မပြုသေးပေမယ့် သူတို့ရဲ့ဆိုရှယ်မီဒီယာ‌တွေကနေ ဓါတ်ပုံတွေတင်ကာ အသ်ိပေးလာခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ် ကစားသမားဟာ ချစ်သူဟောင်းဖြစ်တဲ့ ဘရူနာ နဲ့ (၆)နှစ်ကြာ လက်တွဲခဲ့ပြီး (၂၀၁၈)က လမ်းခွဲခဲ့ကြတာပါ။နေမာဆီမှာ ဒါဗီလူကာ ဆိုတဲ့ သားတဦးလည်း ရှိနေတာဖြစ်ပါတယ်။နေမာ ဟာ သူ့ရဲ့ (၉)နှစ်အရွယ် သားဖြစ်သူ ဒါဗီလူကာ ကိုလည်း မောင်နှမတွေနဲ့ အတူ ကြီးပြင်းလာစေချင်နေတာဖြစ်ပါတယ်။

နေမာ ဟာ ကမ္ဘာ့စျေးအကြီးဆုံး ကစားသမားဖြစ်ပြီး (၂၀၁၇) က ဘာစီလိုနာ ကနေ ပီအက်စ်ဂျီ အသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။နေမာ ဟာ ပီအက်စ်ဂျီ အသင်းအတွက် ပွဲပေါင်း(၁၃၀) ပါ၀င်ကစားထားပြီး (၉၀)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။