လီဝန် ဖီဖာအကောင်း‌ဆုံးဆုရချိန်မှာ အားလုံးသဘောကျမယ့် တုံ့ပြန်မှုပြုလုပ်ခဲ့တဲ့ မက်‌ဆီ

မက်ဆီ ကတော့ ဖီဖာအကောင်း‌ဆုံး အမျိုးသား ကစားသမားဆုအတွက် လီဝန်ဒေါစကီး ရရှိသွားတယ်လို့ ကြေညာလိုက်ချိန်မှာ အားလုံး သဘောကျစေမယ့် တုံ့ပြန်မှုမျိုးပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

ဂျာမန်ဂန္တဝင် ဂတ်မူလာရဲ့(၄၉)နှစ်ကြာ ဘွန်ဒစ်လီဂါ စံချိန်ကို ချိုးဖျက်ခဲ့တာအပါအဝင် လီဝန်ဒေါစကီး ဟာ အလွန်ကောင်းမွန်တဲ့ ဂိုးသွင်းစွမ်းရည်တွေကြောင့် ဖီဖာရဲ့တနှစ်တာ အကောင်း‌ဆုံးဆုကို (၂)နှစ်ဆက်တိုက်ရရှိခဲ့တာဖြစ်ပါတယ်။

လီဝန်ဒေါစကီး ဟာ ဘောလွန်းဒီအောဆုကို (၇)ကြိမ်ရခဲ့တဲ့ မက်ဆီ ထက် (၄)မှတ်အသာရခဲ့တာပါ။လီဗာပူးလ် ကစားသမား ဆာလတ် က တတိယရခဲ့တာဖြစ်ပါတယ်။

မက်ဆီ ဟာ ပဲရစ်မှာ ရှိတဲ့ သူ့ရဲ့နေအိမ်ကနေပဲ ဒီပွဲကို တက်ရောက်ခဲ့တာဖြစ်ပြီး ရိုးရှင်းတဲ့ အဖြူရောင်တီရှပ်ကို ဝတ်ဆင်ကာ ငြိမ်သက်နေခဲ့တာပါ။လီဝန်ဒေါစကီး က ဆုရတဲ့သူဖြစ်တယ်လို့ ကြေညာချိန်မှာ မက်ဆီ ဟာ ပြုံးရွှင်နေခဲ့တာလည်းဖြစ်ပါတယ်။

ပရိသတ်တွေက မက်ဆီ ပျော်နေတဲ့ပုံကို သဘောကျနေပြီး မနှစ်က ဒီလိုပွဲမျိုးမှာ ရော််နယ်ဒိုရဲ့တုံ့ပြန်မှုနဲ့ နှိုင်းယှဉ်ခဲ့တာပါ။လီဝန်ဒေါစကီး ဟာ အခုနှစ်အတွက် ဘောလွန်းဒီအောဆုပေးပွဲမှာ ဆုရဖို့ ရေပန်းစားခဲ့ပေမယ့် မက်ဆီ ကသာ ရရှိသွားခဲ့တာဖြစ်ပါတယ်။

လီဝန်ဒေါစကီး ဟာ ပြီးခဲ့တဲ့ နှစ်တည်းက ဘောလွန်းဒီအောဆုရဖို့ သေချာသလောက်ရှိခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆုပေးပွဲမကျင်းပခဲ့တဲ့ အတွက် နစ်နာခဲ့ရတာဖြစ်ပါတယ်။မက်‌ဆီ ကိုယ်တိုင်ကလည်း လီဝန်ဒေါစကီး ရခဲ့သင့်တယ်ဆိုတာကို ဝန်ခံခဲ့ပါတယ်။

ဒါပေမယ့် မက်ဆီ ဟာ အခုကျင်းပခဲ့တဲ့ ဖီဖာဆုပေးပွဲမှာ လီဝန်ဒေါစကီး ကို မဲပေးခဲ့ခြင်းမရှိပဲ နေမာနဲ့ ဘတ်ပီ တို့ကိုသာ မဲပေးခဲ့တာဖြစ်ပါတယ်။