စိန့်ပေါ်လီ ကို အရေးနိမ့်ပြီး ဂျာမန်ဖလားကနေ ထွက်ခဲ့ရတဲ့ လက်ရှိချန်ပီယံ ဒေါ့မွန်

ဂျာမန်ဖလားပြိုင်ပွဲရဲ့လက်ရှိချန်ပီယံဖြစ်တဲ့ ဒေါ့မွန် အသင်းဟာ ဂျာမန်ဒုတိယတန်းမှာ ကစားနေတဲ့ စိန့်ပေါ်လီ အသင်းကို (၁၆)သင်းအဆင့်မှာအရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။

ဒေါ့မွန် အသင်းဟာ ဒီပွဲမှာ စိန့်ပေါ်လီ အသင်းကို (၂)ဂိုး-(၁)ဂိုးနဲ့ အရေးနိမ့်ခဲ့တာပါ။စိန့်ပေါ်လီ အသင်းဟာ ပထမပိုင်းမှာတည်းက ဒေါ့မွန် အသင်းကို (၂)ဂိုးပြတ်နဲ့ ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်းမှာ ဟာလန်းက ပင်နယ်တီ ကနေ ချေပဂိုးတဂိုး သွင်းယူခဲ့ပါတယ်။

ဒါပေမယ့် နောက်ထပ်ချေပဂိုးတဂိုး ထပ်မံရယူခြင်း မရှိတာကြောင့် လက်ရှိချန်ပီယံဖြစ်တဲ့ ဒေါ့မွန် အသင်းဟာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ဒေါ့မွန် အသင်းဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု(၆၉)ရာခိုင်နှုန်း၊ဂိုးပေါက်ကန်သွင်းမှု(၁၄)ကြိမ်နဲ့ ဂိုးပေါက်တည့်မှု(၆)ကြိမ်အထိ ရှိခဲ့တာပါ။

HAMBURG, GERMANY – JANUARY 18: Erling Haaland of Borussia Dortmund rlooks dejected during the DFB Cup round of sixteen match between FC St Pauli and Borussia Dortmund at Millerntor Stadium on January 18, 2022 in Hamburg, Germany. (Photo by Stuart Franklin/Getty Images)

စိန့်ပေါ်လီ အသင်းကတော့ ဂိုးပေါက်ကန်သွင်းမှု(၇)ကြိမ်နဲ့ ဂိုးပေါက်တည့်မှု(၂)ကြိမ်သာ ရှိခဲ့ပေမယ့် (၂)ဂိုးရခဲ့ဝာာဖြစ်ပါတယ်။ဒေါ့မွန် အသင်း မတိုင်ခင် ဘိုင်ယန်မြူးနစ် အသင်းကလည်း ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။အဲ့ဒါကြောင့် ပိုကယ်ဖလားမှာ ဂျာမန်ထိပ်သီး(၂)သင်းလုံး မရှိတော့တာပါ။

ဒေါ့မွန် အသင်းနဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ ဟာ ဘွန်ဒစ်လီဂါမှာတော့ ထိပ်ဆုံး(၂)နေရာမှာ ရပ်တည်နေကြတာဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ် အသင်းက ဒေါ့မွန် အသင်းကို (၆)မှတ်ဖြတ်ပြီး အမှတ်ပေးဇယားကို ဦးဆောင်နေတာဖြစ်ပါတယ်။

ဒေါ့မွန် အသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီး ယူရိုပါလိဂ်ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ရမှာလည်းဖြစ်ပါတယ်။

HAMBURG, GERMANY – JANUARY 18: Erling Haaland of Borussia Dortmund rlooks dejected during the DFB Cup round of sixteen match between FC St Pauli and Borussia Dortmund at Millerntor Stadium on January 18, 2022 in Hamburg, Germany. (Photo by Stuart Franklin/Getty Images)

‌ဒေါ့မွန် အသင်းဟာ ဒီတပတ်မှာတော့ ဟော်ဖန်ဟိမ်း အသင်းနဲ့ ဘွန်ဒစ်လီဂါ ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။