ဘရိုက်တန် နဲ့ သရေကျပြီးနောက် လူကာကူ အကြောင်းပဲ မေးမနေနဲ့လို့ ပြောလိုက်တဲ့ တူချယ်လ်

ဘရိုက်တန် နဲ့ သရေကျတဲ့ ပွဲမှာ တိုက်စစ်မှူး လူကာကူ ကို ပရိသတ်တွေက ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပေမယ့် နည်းပြ တူချယ်လ် ကတော့ လူကာကူ ဟာ ချယ်လ်ဆီးမှာ ပြဿနာမဟုတ်သေးဘူးလို့ ပြောလိုက်ပါတယ်။

လူကာကူ ဟာ ဘရိုက်တန် နဲ့ တဖက်တဂိုးစီသ‌ ရေကျတဲ့ ပွဲမှာ ချယ်လ်ဆီး အတွက် ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိပဲ ပွဲပြီးခါနီး(၁၀)မိနစ်အလိုမှာ ဟာဗတ်စ် နဲ့ လူစားလဲခြင်းခံခဲ့ရတာဖြစ်ပါတယ်။လူကာကူ ဟာ အင်တာမီလန် ကနေ ရောက်ရှိလာတဲ့ အစပိုင်းမှာ အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ ဒဏ်ရာပြဿနာတွေ၊ကိုဗစ်ကူးစက်မှု၊အငြင်းပွားဖွယ် အင်တာဗျုးဖြေတာတွေအပါအဝင် ခြေစွမ်းကောင်းပြဖို့ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်မှာ (၅)ဂိုးသာ သွင်းယူထားတာပါ။ဘယ်လ်ဂျီယံ တိုက်စစ်မှူး ဟာ ဘရိုက်တန် နဲ့ ပွဲမှာလည်း ခြေစွမ်းပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။

လူကာကူ ရဲ့စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ တူချယ်လ် က “ဒီမေးခွန်းတခုတည်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်‌မပြောချင်ပါဘူး။ဒီနေ့က ရိုမီလူ အကြောင်းမဟုတ်ပါဘူး။ရိုမီလူနဲ့ ပတ်သက်တဲ့မေးခွန်းတွေက အလွန်များနေပါတယ်”

“သူနဲ့ ပတ်သက်တဲ့ အဖြေတွေကလည်း အများကြီးရှိပါတယ်။သူဟာ ပြဿနာမဟုတ်သေးပါဘူး။သူက ဖြေရှင်းချက်ရဲ့အစိတ်အပိုင်းပါပဲ”လို့ ပြောလိုက်ပါတယ်။ချယ်လ်ဆီး အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး(၇)ပွဲကစားခဲ့ရာမှာ (၁)ပွဲသာ နိုင်ပွဲရရှိထားတာပါ။

ဒါနဲ့ ပတ်သက်ပြီး တူချယ်လ် က “ကျွန်တော် ဒါနဲ့ ပတ်သက်ပြီး အကြိမ်‌(၁၀၀)ဖြေပြီးသွားပါပြီ။ကျွန်တော်တို့မှာ ကာလကြာရှည် ဒဏ်ရာအခြေအနေ၊အဓိက ကစားသမားတွေ ဒဏ်ရာအခြေအနေ၊ကိုဗစ်တွေနဲ့ ကျွန်တော်တို့ ရဲ့အချိန်ဇယားတွေကို ကြည့်ရင် ခင်ဗျားတို့ အဖြေရပါလိမ့်မယ်”

က

“ကျွန်တော်တို့ဟာ ရုပ်ပိုင်းရော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းပါတယ်။ဒါကို ကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်ပိုင်းမှာ မြင်တွေ့နိုင်ပါတယ်။လွယ်သလောက် လွယ်ပါတယ်”လို့ ဆိုခဲ့ပါတယ်။