ဂျရတ်နဲ့ ပြန်လည်ပူးပေါင်းဖို့ စိတ်အားထက်သန်နေတဲ့ ဆွာရတ်ဇ်

အသလက်တီကို အသင်းတိုက်စစ်ကစားသမား ဆွာရတ်စ် ဟာ လီဗာပူးလ် အသင်းဖော်ဟောင်း ဂျရတ် ကိုင်တွယ်နေတဲ့ အက်စတွန်ဗီလာ အသင်းထံ ပြောင်းရွှေ့ဖို့ စ်ိတ်အားထက်သန်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဂျရတ်ဟာ အခုလထဲမှာ အသင်းဖော်ဟောင်း တဦးဖြစ်တဲ့ ကော်တင်ဟို ကို ဘာစီလိုနာ ကနေ အက်စတွန်ဗီလာ ထံ အငှားနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။သူဟာ မန်ချက်စတာယူနိုက်တက် နဲ့ သရေကျခဲ့တဲ့ ပွဲဦးထွက်ပွဲမှာတင် သူ့ရဲ့ အကျိုးသက်ရောက်မှုကို ပြသနိုင်ခဲ့တာပါ။

ကော်တင်ဟို ဟာ ဒီပွဲမှာ တဂိုးသွင်း တဂိုးဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။အခုအချိန်မှာ ဂျရတ် ဟာ ဆွာရက်ဇ် ကို ခေါ်ယူဖို့ ချိတ်ဆက်နေပြီး ကြီးမားတဲ့ အပြောင်းအရွှေ့ဟာ အပြီးသတ်နိုင်ဖို့ နီးစပ်နေတာလည်းဖြစ်ပါတယ်။ ဆွာရက်ဇ်နဲ့ လာလီဂါ ချန်ပီယံတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီရာသီအကုန်မှာ ကုန်ဆုံးတော့မှာပါ။

အဲ့ဒါကြောင့် နောက်ထပ်ပြောင်းရွှေ့မယ့် အသင်းကို ရှာဖွေမှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။ အသက်(၃၄)နှစ် အရွယ်ရှိ ဆွာရက်ဇ် ကို ခေါ်ယူဖို့ ပါမီးရက်စ်၊ကိုရင်သီယန်၊အသလက်တီကို မင်နဲရိုး အသင်းတွေက စိတ်၀င်စားကြောင်း ပြသခဲ့တာဖြစ်ပါတယ်။

စပိန်သတင်းထောက် ရိုမဲရိုး က ဆွာရက်ဇ် ဟာ တောင်အမေရိက ကလပ်တွေရဲ့ ကမ်းလှမ်းမှုကို ပယ်ချပြီး ဂျရတ်ရှိတဲ့ အက်စတွန်ဗီလာ အသင်းကိုသာ ပြောင်းရွှေ့ဖို့ အာရုံစိုက်ထားတယ်လို့ ပြောထားတာပါ။ဂျရတ်နဲ့ ဆွာရတ်ဇ် တို့ကလည်း အဆက်အသွယ်တွေရှိတယ်လို့ သတင်းတွေ ထွက်နေတာဖြစ်ပါတယ်။

ဆွာရက်ဇ် ကလည်း စာချုပ်ကုန်တာနဲ့ ပရီးမီးယားလိဂ်ကိုပြန်လာဖို့ စိတ်အားထက်သန်ပုံနေရတာပါ။အက်စတွန် ဗီလာ အသင်းမှာ တိုက်စစ်ကစားသမားတွေအဖြစ် ၀က်ကင်စ်နဲ့ ဒန်နီအင့်စ် တို့ရှိနေပေမယ့် နောက်ထပ်တိုက် စစ်အားဖြည့်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ဆွာရက်ဇ် ဟာ ဒီရာသီမှာ အသလက်တီကို အသင်းအတွက် (၉)ဂိုးသွင်းယူထားပြီး မနှစ်ကရာသီက အသလက်တီကို အသင်း လာလီဂါ ချန်ပီယံဖြစ်အောင် အဓိက စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။