လူစားလဲခံရလို့ တုံ့ပြန်ခဲ့တဲ့ ရော်နယ်ဒို ရဲ့အပြုအမူဟာ ပုံမှန်ပါပဲလို့ ပြောခဲ့တဲ့ ရက်ဂ်နစ်

မန်ချက်စတာယူနိုက်တက် ယာယီနည်းပြ ရက်ရ်နစ် က လူစားလဲခံရလို့ ရော်နယ်ဒို ပြုမူခဲ့တဲ့ တုံ့ပြန်မှုဟာ ပုံမှန်ပံဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ရက်ဂ်နစ် က သူဟာ အသင်းအတွက် အကောင်းဆုံးဖြစ်မယ့် အရာတွေအတွက် ဆုံးဖြတ်ချက်ချခဲ့တာလို့ ပြောခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဘရန်ဖိုဒ့် အသင်းကို (၃)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရတဲ့ ပွဲမှာ ပွဲပြီးဖို့ မိနစ်(၂၀)အလိုမှာ ရော်နယ်ဒို ကို မက်ဂွဲယား နဲ့ လူစားလဲခဲ့တာပါ။ရော်နယ်ဒို ဟာ လူစားလဲခံရချိန်မှာ ကွင်းထဲကနေ တတွတ်တွတ်ရေရွတ်ရင်း ထွက်လာကာ နည်းပြကိုတောင် ကောင်းမွန်စွာ မနှုတ်ဆက်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ အရန်ခုံတန်းအရောက်မှာ သူ့ရဲ့ကုတ်အကျီ ကို မြေပြင်ပေါ်ကို ပစ်ချကာ စိတ်ပျက်လက်ပျက်ထိုင်နေခဲ့တာပါ။ရက်ဂ်နစ် က “သူဟာ မပျော်ရွှင်ဖြစ်နေပေမယ့် အခုမှ ဒဏ်ရာကနေပြန်လာတာပါ။ဒီပွဲမှာ သူ့ကို အသုံးပြုခွင့်ရခဲ့လို့ ကျွန်တော်ဝမ်းသာပါတယ်”

“(၂)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရနေတဲ့ အချိန်မှာ ကျွန်တော်ရော်နယ်ကို ပြောခဲ့တယ်။ငါတို့ ဗီလာနဲ့ ပွဲက ဖြစ်ခဲ့တဲ့ အရာတွေကို သင်ခန်းစာယူရမယ်ဆိုပြီးပေါ့။အဲ့ဒီပွဲမှာ ခံစစ်ကို (၅)ယောက်မပြောင်းနိုင်တဲ့ အတွက်လည်း ကိုယ့်ကိုကိုယ်ဒေါသထွက်ခဲ့မိတယ်”

“ဒီနေ့ အခြေအနေကလည်း ဒီလိုပါပဲ အဲ့ဒါကြောင့် ပုံစံချင်းတူနေတဲ့ အမှားမျိုး ကျွန်တော်ထပ်ပြီး မလုပ်ချင်တော့ပါဘူး။ကျွန်တော် ပြောခဲ့တယ်။ရော်နယ်ဒို ရေ မင်းနားထောင်ပါ။မင်းက အသက်(၃၆)နှစ်ရှိပြီး ပုံသဏ္ဍာန်ကလည်းကောင်းနေပေမယ့် မင်းနည်းပြ တယောက်ဖြစ်ရင် နည်းပြရဲ့မျက်မှန်ကနေ မင်းမြင်ရလိမ့်မယ်”

“ကျွန်တော့်အလုပ်က အသင်းနဲ့ ကလပ်ရဲ့အကျိုးစီးပွားအတွက် အကောင်း‌ဆုံး ဆုံးဖြတ်ချက်တွေကို ချမှတ်ဖို့ဖြစ်ပြီး သူလည်း ဒီလိုပဲ မြင်နိုင်မယ်လို့ မျှော်လင့်ကြောင်း”ပြောခဲ့ပါတယ်။

ရော်နယ်ဒို ဟာ ဒဏ်ရာကြောင့် ဗီလာ အသင်းနဲ့ နောက်ဆုံး(၂)ပွဲဆက် လွဲချော်ခဲ့တာဖြစ်ပြီး ဒီပွဲမှ အသင်းနဲ့ အတူ ပြန်ပါနိုင်ခဲ့တာပါ။အဲ့ဒါကြောင့် ပွဲချိန်ပြည့်ကစားချင်တာကြောင့် စိတ်ပျက်တဲ့ အမူအယာတွေ ပြသခဲ့တာဖြစ်ပါတယ်။