ဗီလာ နဲ့ သတင်းထွက်နေပေမယ့် ဆွာရက်ဇ် ကို ဇန်နဝါရီမှာ ရောင်းချမှာမဟုတ်တဲ့ အသလက်တီကို

အသလက်တီကို အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ဆွာရတ်ဇ် ကို အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ မရည်ရွယ်ထားဘူးလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ဆွာရတ်ဇ် ဟာ ဒီရာသီ စပိန်ကလပ်အတွက် ပြိုင်ပွဲစုံ(၉)ဂိုး သွင်းယူထားတာဖြစ်ပါတယ်။

ဒါပေမယ့် အသက်(၃၄)နှစ်အရွယ်တိုက်စစ်မှူးဟာ နည်းပြ ဆီမြွန်နီ ရဲ့ ပထမဦးစားပေးအဖြစ် ရွေးချယ်ခံရခြင်း မရှိတော့တာပါ။စာချုပ်သက်တမ်းကလည်း (၆)လပဲ ကျန်ရှိတော့တာကြောင့် ဥရုဂွေး ကစားသမားရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ထင်ကြေးတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဆွာရတ်ဇ် နဲ့ အက်စတွန်ဗီလာ အသင်းတို့ရဲ့ သတင်းတွေကလည်း ထွက်ပေါ်နေတာပါ။ ဒါပေမယ့် အသလက်တီကို အသင်းကတော့ ဆွာရတ်ဖ် ကို ရာသီ၀က်မှာ ထွက်ခွာခွင့်ပေးဖို့ မပြင်ဆင်ထားဘူးလို့ ဂိုးလ်သတင်းမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် ဆွာရတ်ဇ် နဲ့ အသလက်တီကို တို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၆)လသာကျန်ရှိတော့ပြီး ရာသီကုန်ချိန်မှာ အလွတ်နဲ့ ထွက်ခွာခွင့်ရမှာပါ။အဲ့ဒါကြောင့် ဥရုဂွေး ကစားသမားဟာ ရာသီကုန်ချိန်မှာ ပြောင်းရွှေ့ဖို့အတွက် စပိန်ပြင်ပက အသင်းတွေနဲ့ ဆွေးနွေးဖို့ အခွင့်အရေးရှိနေတာဖြစ်ပါတယ်။

ဆွာရတ်ဇ် ကို ခေါ်ယူဖို့ ဘရာဇီးလ် ကလပ်တွေနဲ့ ဆော်ဒီကလပ်တွေက စောင့်ကြည့်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ဆွာရက်ဇ် ကတော့ အသင်းဖော်ဟောင်း ဂျရတ် ကိုင်တွယ်နေတဲ့ ဗီလာ ကို ပြောင်းဖို့ စိတ်၀င်စားနေတာ ဖြစ်ပါတယ်။

ဂျရတ်ကလည်း အသင်းရဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့အတွက် ဆွာရတ်ဇ် ကို ခေါ်ယူဖို့ စိတ်၀င်စားနေတာပါ။ ဂျရတ် ဟာ လီဗာပူးလ် အသင်းမှာ အတူတွဲကစားခဲ့တဲ့ အသင်းဖော်ဟောင်း ကော်တင်ဟို ကိုလည်း ဘာစီလိုနာ အသင်းကနေ အငှားနဲ့ ခေါ်ယူထားတာဖြစ်ပါတယ်။

ဆွာရတ်ဇ် ဟာ အသလက်တီကို အသင်းအတွက် ပွဲပေါင်း(၆၆)ပွဲပါ၀င်ကစားထားကာ ဂိုး(၃၀)သွင်းယူထားပြီး မနှစ်ကရာသီက အသင်း ချန်ပီယံဆုဖလား ရယူရာမှာ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြသနိုင်ခဲ့တာလည်းဖြစ်ပါတယ်။