ဟာဇတ် နဲ့ ဂါရတ်ဘေးလ် ပိုကောင်းလာမယ်လို့ ယုံကြည်နေသေးတယ် အန်ဆယ်လော့တီ

ရီးရယ်လ် နည်းပြ အန်ဆယ်လော့တီ က ဟာဇတ်နဲ့ ဂါရတ်ဘေးလ် တို့ဟာ ဒုတိယရာသီ၀က်မှာ ပိုကောင်းလာမယ်လို့ မျှော်လင့်ကြောင်းပြောလိုက်ပါတယ်။သူတို့(၂)ဦးဟာ ဒီရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ ဆက်တိုက်ကြုံတွေ့နေရတာဖြစ်ပါတယ်။

ဟာဇတ် ဟာ ပြီးခဲ့တဲ့့ စူပါဖလားဗိုလ်လုပွဲမှာ ရီးရယ်လ် အတွက် ပါ၀င်ခွင့်မရခဲ့သလို ဂါရတ်ဘေးလ် ကလည်း ဒူးဒဏ်ရာ၊နောက်ကျောဒဏ်ရာတွေကြောင့် သြဂုတ်လတည်းက ပါ၀င်နိုင်ခြင်းမရှိတာဖြစ်ပါတယ်။အီတလီ နည်းပြ က သူတို့(၂)ဦးဟာ အဆင်မပြေမှုတွေအများကြီးကို ကြံကြံခံပြီး ရင်ဆိုင်ခဲ့ရတယ်လို့ ပြောပါတယ်။

ဂါရတ်ဘေးလ် ဟာ ဒဏ်ရာကနေ ပြန်သက်သာလာပြီဖြစ်တာကြောင့် အယ်လ်ချီနဲ့ ကစားမယ့် ကိုပါဒယ်ရေးပွဲမှာ ပါ၀င်လာနိုင်ဖွယ်ရှိနေတာပါ။ဝေးလ်စ် ကစားသမား ဟာ ရီးရယ်လ် အတွက် ဒီရာသီအစ (၃)ပွဲသာ ပါ၀င်ကစားထားရတာဖြစ်ပါတယ်။

ဟာဇတ် ကတော့ ဒီရာသီ အသင်းအတွက် (၁၆)ပွဲပါ၀င်ကစားထားပြီး အသင်းအတွက် (၁)ဂိုးသွင်းယူ ထားတာပါ။အန်ဆယ်လော့တီ က “အချိန်အကြာကြီးအနားယူပြီးနောက် ဘေးလ် ပြန်လာတော့မှာပါ။ ဟာဇတ်ကလည်း အခုခဲမှာ ကောင်းမွန်နေပြီး ကြံခိုင်မှုလည်း အပြည့်အ၀ရှိနေပါတယ်”

“ဟာဇတ် ကို အကြံဥာဏ်ပေးဖ်ို့ မလိုပါဘူး။သူ့မှာ သူ့ကိုယ်သူဆုံးဖြတ်နိုင်တဲ့ အရည်အချင်းနဲ့ အတွေ့အကြုံရှိပြီး သူတို့(၂)ဦးလုံးရဲ့ အရည်အသွေးတွေက ကျွန်တော်တို့ကို အများကြီး အကူအညီပေးနိုင်ပါတယ်။ရာသီရဲ့ ပထမနှစ်၀က်ကတော့ ပြီးသွားပါပြီ”

“သူတို့တွေဟာ ဒဏ်ရာတွေကြောင့် အသင်းကို ကူညီဖို့အခွင့်အရေးရခဲ့ပါဘူး။ဒုတိယရာသီ၀က်မှာ ပိုကောင်းလာဖို့ မျှော်လင့်ပါတယ်”လို့ ဆိုခဲ့ပါတယ်။ဟာဇတ် ကို ခေါ်ယူဖို့ နယူးကာဆယ် အသင်းက ကမ်းလှမ်းထားပေမယ့် ကစားသမားက ပယ်ချထားပြီး အသင်းကြီးကိုသာ ပြောင်းရွှေ့ချင်နေတာပါ။

ဟာဇတ်နဲ့ ပတ်သက်ပြီးတော့ အန်ဆယ်လော့တီ က “အခုအချိန်မှာ သူက ရီးရယ်လ် ကစားသမားပါ။သူဟာ လေ့ကျင့်နေတယ်။ပွဲတွေကို အာရုံစိုက်နေတယ်။ကျွန်တော်တို့မှာ စဉ်းစားစရာမရှိပါဘူး”လို့ ပြောခဲ့တာဖြစ်ပါတယ်။