ကိုပါဒယ်ရေးကလည်း ထွက်ရပြီး ဆိုးရွားတဲ့ ရာသီကို ဖြတ်သန်းနေရတဲ့ ဘာစီလိုနာ

ဘာစီလိုနာ အသင်းဟာ ဒီမနက်က ကစားခဲ့တဲ့ ကိုပါဒယ်ရေးဖလား (၁၆)သင်း အဆင့်မှာ ဘီလ်ဘာအို အသင်းကို အချိန်ပိုမှာ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီဖြစ်ပါတယ်။ဘာစီလိုနာ အသင်းဟာ ဒီပွဲမှာ ဘီလ်ဘာအို အသင်းကို (၃)ဂိုး-(၂)ဂိုးနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အတွင်း မှာ တဖက်(၂)ဂိုးစီ သရေကျတာကြောင့် အချိန်ပို ဆက်လက်ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။ဘာစီလိုနာ အတွက် ဂိုးတွေကို ဖာရန်တောရက်စ်နဲ့ လိုပတ်ဇ် တို့က သွင်းယူခဲ့တာပါ။ဘီလ်ဘာအို အတွက် ဂိုးတွေကို‌တော့ မူနီယာနဲ့ မာတီးနတ်စ် တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ဘာစီလိုနာ အတွက် ဂိုးသွင်းယူခဲ့တဲ့ ဖာရန်တောရက်စ် ကတော့ ဘာစီလိုနာ ကစားသမားဘဝ ပထမဆုံးဂိုးလည်းဖြစ်ခဲ့တာပါ။တဖက်(၂)ဂိုးစီ သရေကျခဲ့တာကြောင့် အချိန်ပို ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ မူနီယာ က အနိုင်ဂိုးသွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဘီလ်ဘာအို အသင်းက အနိုင်ရပြီး နောက်တဆင့်ကို တက်နိုင်ခဲ့တာပါ။ဘာစီလိုနာ အသင်းကတော့ လက်ရှိချန်ပီယံဖြစ်ပေမယ့် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီလည်းဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ မကြာသေးခင်က ကစားခဲ့တဲ့ စပိန်စူပါဖလားမှာ အကြိုဗိုလ်လုပွဲကနေ ထွက်ခွာခဲ့ရသလို ချန်ပီယံလိဂ်ကနေလည်း ထွက်ခွာရပြီး ယူရိုပါလိဂ်ကို ဆင်းကစားရမှာပါ။ဒ့ါအပြင် လာလီဂါမှာလည်း အဆင့်(၆)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။အဲ့ဒါကြောင့် စပိန်ထိပ်သီးကလပ် ဟာ ဆိုးရွားတဲ့ ရာသီကို ဖြတ်သန်းနေရတာပါ။

ဘာစီလိုနာ အသင်းဟာ ဒီတပတ်မှာ လာလီဂါ ပွဲစဉ်အဖြစ် အလာဗတ်စ် အသင်း အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။