အာဆင်နယ် ထက် လက်ဦးမှုရဖို့ ဗလာဟိုဗစ် ကို ငွေကြေးအများအပြားနဲ့ ကမ်းလှမ်းလိုက်တဲ့ ဂျုဗီ

ဂျုဗင်တပ်စ် အသင်းဟာ အာဆင်နယ် ကို အနိုင်ယူပြီး အခုလထဲမှာပဲ ‌ဗလာဟိုဗစ် ကို ခေါ်ယူဖို့ ဖီအိုရင်တီးနား အသင်းကို ယူရိုသန်း(၇၀)နဲ့ ကမ်းလှမ်းလိုက်တယ်လို့ အီတလီက သတင်းတွေမှာ ဖော်ပြထားပါတယ်။

အာဆင်နယ် အသင်းဟာ အခုအပြောင်းအရွှေ့ မပိတ်ခင်မှာပဲ ဗလာဟိုဗစ် ကို ခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပြီး ယူရိုသန်း(၆၀)အပြင် တော်ရဲရားကိုပါ အလိုက်ပေးပြီး ကမ်းလှမ်းထားတာပါ။တော်ရဲရား ဟာ ဖီအိုရင်တီးနား အသင်းမှာ အငှား ကစားနေတာဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ ဗလာဟိုဗစ် ကို တရာသီကို ယူရို(၁၀)သန်းနဲ့ (၅)နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး ကလပ်ရဲ့လုပ်ခလစာအများဆုံးကစားသမားဖြစ်လာမှာဖြစ်တယ်လို့ ရှင်းရှင်းလင်းလင်းဖော်ပြခဲ့တာပါ။

ဒါပေမယ့် ဗလာဟိုဗစ် ကတော့ အာဆင်နယ် အသင်းကို ပြောင်းဖို့ တုံ့ဆိုင်းနေတယ်လို့သတင်းတွေမှာ ဖော်ပြထားပါတယ်။ဗလာဟိုဗစ် ဟာ ဆုဖလားတွေရယူနိုင်ဖို့ ပိုမိုကောင်းမွန်တဲ့ အနေအထားမှာရှိပြီး ယုံကြည်ရတဲ့ အသင်းနဲ့ ပူးပေါင်းဖို့ ဖြစ်တယ်လို့ သိရပါတယ်။

ဂျုဗင်တပ်စ် အသင်းဟာ အခုလထဲမှာပဲ ဗလာဟိုဗစ် ကို ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး ယူရိုသန်း(၇၀)နဲ့ ကမ်းလှမ်းထားတယ်လို့ လာကာဇတ်တာဒယ်လိုစပေါ့ က ဖော်ပြထားတာပါ။ဂျုဗင်တပ်စ် ရဲ့ကမ်းလှမ်းမှုမှာ ယူရို(၃၅)သန်းနဲ့ ကူလူဆက်ဗ်စကီး ကို အလိုက်ပေးဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

ဂျုဗင်တပ်စ် အသင်းဟာ ဆွီဒင်တိုက်စစ်မှူး ကို ယူရို(၃၅)သန်း သတ်မှတ်ထားတာပါ။ဂျုဗင်တပ်စ် အသင်းဟာ ဗလာဟိုဗစ် ကို ဒီလထဲမှာခေါ်ယူဖို့ ဦးစားပေး သတ်မှတ်ထားတာကြောင့် အသင်းရဲ့အားကစားဒါရိုက်တာ ဟာ ကူလူဆက်ဗ်စကီး နဲ့ တွေ့ဆုံဖို့ စီစဉ်နေတာဖြစ်ပါတယ်။

အာဆင်နယ် အသင်းကလည်း တိုက်စစ်မှူးတွေဖြစ်တဲ့ အူဘာမီယန်း၊လာကာဇတ်တီနဲ့ အန်ကိတ်တီယာ တို့ဟာ အသင်းမှာ အနာဂတ်မသေချာတော့တာကြောင့် ဗလာဟိုဗစ် ကို အရခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပါတယ်။