မက်ဆီ ရောက်လာမှုအကြောင်းပြုပြီး ဆိုရှယ်မီဒီယာမှာ ဖော်လိုဝါသန်း(၁၅၀)ကျော်လာတဲ့ PSG

ပီအက်စ်ဂျီ အသင်းဟာ မက်ဆီ ကို ခေါ်ယူခဲ့ပြီးနောက် အသင်းရဲ့ ဆိုရှယ်မီဒီယာမှာ ဖော်လိုဝါ သန်း(၁၅၀)ကျော် ရှိသွားခဲ့ပြီလို့ ထုတ်ပြန်လိုက်ပါတယ်။ပြီးခဲ့တဲ့နှစ်မှာ ပီအက်စ်ဂျီ အသင်းဟာ ပရိသတ်အရေ အတွက် (၅၀)ရာခိုင်နှုန်းတိုးလာပြီး (၁၀)လအကြာမှာ ဖော်လိုဝါ သန်း(၁၀၀)ပြည့်သွားခဲ့တာဖြစ်ပါတယ်။

အခုဆိုရင် သန်း(၁၅၀)ကျော်နဲ့ (၂၀၂၁)ကို အဆုံးသတ်နိုင်ခဲ့တာပါ။အခုလို တိုးလာခဲ့တာကတော့ ဘာစီလိုနာ ကနေ မက်ဆီကို အလွတ်နဲ့ ခေါ်ယူခဲ့တာကြောင့်ပါ။ပီအက်စ်ဂျီ အသင်းဟာ မက်ဆီ ရောက်ရှိ်လာပြီး ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ ဖော်လိုဝါသန်း(၂၀)တိုးလာခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ အချိန်ကစပြီး ကလပ်အသင်းဟာ တပတ်ကို ဖော်လိုဝါ တသန်းရရှိခဲ့တာပါ။ပီအက်စ်ဂျီ အသင်းဟာ ဖော်လိုဝါ သန်း(၁၅၀)ကျော်တာကို ဂုဏ်ပြုတဲ့အဆိုပါစာသားပါတာကို မြို့တော်ရဲ့ နေရာအများအပြားမှာ ထားရှိခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ ပရိသတ်တွေကို ဒီအမှတ်တရနဲ့ ဓါတ်ပုံရိုက်ပြီး သူတို့ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ တင်ဖို့ ဖိတ်ခေါ်ခဲ့တာဖြစ်ပြီး အသင်းက လတ်မှတ်ရေးထိုးထားတဲ့ အင်္ကျီတစ်ထည်ကို ရရှိဖို့ အခွင့်အရေးရှိတယ်လို့ လည်း ပြောခဲ့တာပါ။

စပိန်ထိပ်သီးကလပ် ရီးရယ်လ် နဲ့ ဘာစီလိုနာ အသင်းတို့ ဟာ ဖော်လိုဝါသန်းပေါင်း(၂၅၀)ကျော်ရှိတဲ့အတွက် ပြင်သစ်ကလပ်အနေနဲ့ သူတို့ကို လိုက်မှီဖို့တော့ ဝေးကွာနေသေးတာဖြစ်ပါတယ်။ပီအက်စ်ဂျီ အသင်းဟာ နိုင်ငံပေါင်း(၈၅)နိုင်ငံမှာ ပရိသတ်ကလပ် (၁၅၀)အထိ ရှိခဲ့တာပါ။သူတို့ရဲ့ ဖော်လိုဝါအများဆုကတော့ ဘရာဇီးလ်နိုင်ငံကနေ ရရှိခဲ့တာပါ။

ပီအက်စ်ဂျီ အသင်းဟာ အိန္ဒိယ၊အယ်လ်ဂျီးရီးယား၊အင်ဒိုနီးရှား၊မက္ကဆီကိုနဲ့ အာဂျင်တီးနား တို့မှာလည်း ရေပန်းစားလာခဲ့တယ်လို့ ကလပ်အသင်းက ထုတ်ပြန်ခဲ့တာပါ။ပီအက်စ်ဂျီ အသင်းဟာ ဟာ လက်ရှိအသင်းပိုင်ရှင်တွေ ရောက်ရှိ်လာပြီးတည်းက ဆုဖလားပေါင်း(၄၃)ခုမှာ (၂၇)ခုအထိ ရရှိထားတာဖြစ်ပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ဖလားကို ရရှိဖို့ အဓိက ပစ်မှတ်ထားနေတာဖြစ်ပြီး မက်ဆီ၊ရာမို့စ်၊ဒွန်နာရမ်မာနဲ့၀စ်ခ်ျနယ်လ်ဒန်း အစရှိတဲ့ ကစားသမားတွေကို ခေါ်ယူအားဖြည့်ခဲ့တာလည်းဖြစ်ပါတယ်။