ရက်ရှ်ဖိုဒ့် သွင်းဂိုးကို ဖန်တီးပေးခဲ့တဲ့ ကာဗာနီ လူမကျွံကြောင်း VAR က စစ်ဆေးပြီး ပြသခဲ့

မန်ချက်စတာယူနိုက်တက် အသင်းဟာ မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ရက်ရှ်ဖိုဒ့်ရဲ့နောက်ဆုံးမိနစ်မှာ သွင်းယူခဲ့တဲ့ ဂိုးကြောင့် ဝက်စ်ဟမ်း အသင်းကို (၁)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီပွဲအနိုင်ရခဲ့တာကြောင့် ဝက်စ်ဟမ်း အသင်းရဲ့အဆင့်(၄)နေရာကို ရယူနိုင်ခဲ့တာပါ။မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီဂိုးရဖို့ ဘရူနို၊ရော်နယ်ဒို၊မာရှယ်၊ကာဗာနီနဲ့ ရက်ရှ်ဖိုဒ့် တို့ အားလုံးက ကြိုးစားအားထုတ်ခဲ့တာဖြစ်ပါတယ်။

ဝက်စ်ဟမ်း အသင်းပရိသတ်တွေကတော့ မာရှယ် ဟာ ကာဗာနီ ကို ဘောလုံးပေးခဲ့တဲ့ အချိန်မှာ ကာဗာနီ လူကျွံနေတယ်ဆိုပြီး ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာပါ။ကာဗာနီ ဟာ ဒီဘောလုံးကို ရက်ရှ်ဖိုဒ့် ကို ခင်းပေးခဲ့ရာမှာ ယူနိုက်တက် အကယ်ဒမီထွက် ကစားသမားက အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကတော့ မာရှယ်ဆီကနေ ကာဗာနီ ဘောလုံးရယူခဲ့တဲ့ အချိန်မှာ လူမကျွံဘူးဆိုတာ ကို VAR က စစ်ဆေးပြီး ရုပ်ပုံနဲ့ တကွ ဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။

အနိုင်ဂိုးသွင်းခဲ့တဲ့ ရက်ရှ်ဖိုဒ့် က “ဒါဟာ အလွန်အရေးပါတဲ့ သွင်းဂိုးဆိုတာ သိသာပါတယ်။နောက်ကျမှ သွင်းနိုင်ခဲ့တာကလည်း အလွန်အံဩဖွယ်ကောင်းတဲ့ ခံစားမှုပါပဲ။ဒီလိုအနိုင်ရတဲ့ ခံစားချက်ကို ကျွန်တော်တို့ အသုံးပြုရပါမယ်”

“အခု ကျွန်တော်တို့ အဆင့်(၄)နေရာမှာ ရပ်တည်နေပြီး အချို့အသင်းတွေက ပွဲကစားဖို့ ကျန်ရှိနေပေမယ့် ဒီနေရာမှာ ရှိနေရတာဟာ ကောင်းမွန်ပါတယ်။နိုင်ပွဲတွေရဖို့က အလွန်အရေးကြီးပါတယ်။နိုင်ပွဲတွေဆက်တိုက်ရတဲ့ အချိန်မှာ ပြေးဖို့ကို တကယ်စတင်နိုင်ပါတယ်”

“အဲ့ဒါက လူတိုင်းကို ယုံကြည်မှုပေးပါတယ်။ကျွန်တော်တို့မှာ ခက်ခဲတဲ့ ရက်သတ္တပတ်တွေရှိခဲ့ပြီး တပတ်အတွင်းမှာ ပွဲတွေအများကြီးကစားခဲ့ရတာကြောင့် အနားယူဖို့လိုပါတယ်။ဒါဟာ ကျွန်တော်တို့ အတွက် ကောင်းပါလိမ့်မယ်လို့”ပြောခဲ့တာဖြစ်ပါတယ်။