ကွင်းထဲက အဖြစ်အပျက်တွေအတွက် ရိုမီယူ ကို ဥမင်လှိုဏ်ခေါင်းထဲမှာ စောင့်နေခဲ့တဲ့ ဂရီလစ်ရှ်

ဆောက်သမ်တန် အသင်နည်းပြ ဟာဆန်ဟူတဲလ် က မန်စီးတီး အသင်း ကစားသမား ဂရီလစ်ရှ် ဟာ ဥမင်လှိုဏ်ခေါင်းထဲမှာ ရူမီယူ ကို စောင့်ဆိုင်းနေခဲ့တယ်လို့ ပြောခဲ့ပါတယ်။ဒီပွဲမှာ ဆောက်သမ်တန် အသင်းနဲ့ မန်စီးတီး အသင်း တို့ဟာ တဂိုးစီ သရေကျခဲ့တာဖြစ်ပါတယ်။

မန်စီးတီး ကတော့ ဒီပွဲသရေကျခဲ့တဲ့ အတွက် ပရီးမီးယားလိဂ်(၁၂)ပွဲဆက် နိုင်ပွဲဆက်မှုရပ်တန့်သွားခဲ့ရတာလည်းဖြစ်ပါတယ်။ဆောက်သမ်တန် အသင်းက ကိုင်လီဝေါလ်ကာပီတာ ရဲ့ဂိုးနဲ့ ဦးဆောင်ခဲ့တာဖြစ်ပြီး မန်စီးတီး အတွက် ချေပဂိုးကို လာပေါ်တေးက သွင်းယူခဲ့တာပါ။

ဒီပွဲမှာ ဂရီလစ်ရှ် ဒဏ်ရာရပြီး လှဲနေတဲ့ အချိန်မှာ ရိုမီယူက ရိသဲ့သဲ့လုပ်ခဲ့လို့ ဂရီလစ်ရှ်က ဒေါသထွက်ပြီး (၂)ဦးသား ထိပ်တိုက်တွေ့ခဲ့ကြတာဖြစ်ပါတယ်။ပွဲအပြီးမှာ ဂရီလစ်ရှ် က ဥမင်လှိုဏ်ခေါင်းထဲမှာ ရိုမီယူကို စောင့်ဆိုင်းနေခဲ့တာဖြစ်ပါတယ်။

ဟာဆန်ဟူတဲလ် က “ဂရီလစ်ရှ် ဟာ ဥမင်လှိုဏ်ခေါင်းထဲမှာ ရိုမီယူကို စောင့်ဆိုင်းနေခဲ့ပါတယ်။ကွင်းပြင်မှာ ဖြစ်ပျက်ခဲ့တဲ့ အရာတချို့ကြောင့်ပါ။သူတို့ပြောခဲ့တဲ့ အရာအားလုံးက ကောင်းပါတယ်”လို့ ပြောခဲ့ပါတယ်။

မန်စီးတီး အတွက်တော့ အောက်တိုဘာလနောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်မှာ ရမှတ်လျော့ခဲ့တာဖြစ်ပါတယ်။မန်စီးတီး အသင်းဟာ ပထမအကျော့ကလည်း ဆောက်သမ်တန် အသင်းနဲ့ ကစားခဲ့ရာမှာ ဂိုးမရှိသရေကျခဲ့တာကြောင့် ဒီရာသီ (၂)ကျော့လုံး ဆောက်သမ်တန် အသင်းကို အနိုင်ရခဲ့တာပါ။

မန်စီးတီး အသင်းဟာ ဒီပွဲသရေကျခဲ့ပေမယ့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်(၁)နေရာမှာ ဒုတိယနေရာက လီဗာပူးလ် အသင်းကို (၁၂)မှတ်ဖြတ်ထားပြီး ဦးဆောင်နေတာလည်းဖြစ်ပါတယ်။

မန်စီးတီး အသင်းဟာ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ဖူလ်ဟမ်နဲ့ အက်ဖ်အေဖလား၊ဘရန်ဖိုဒ့်နဲ့ ပရီးမီးယားလိဂ်ပွဲတွေ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။