မကြာခင်ရက်ပိုင်းအတွင်းမှာ ဘရန်ဖိုဒ့်ကစားသမား ဖြစ်လာတော့မယ့် အဲရစ်ဆန်

အဲရစ်ဆန် ကတော့ မကြာခင်ရက်ပိုင်း အတွင်းမှာ ဘရန်ဖိုဒ့် နဲ့အတူ ဘောလုံးလောကထဲကို ပြန်လည်ဝင်ရောက်တော့မှာဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ဒိန်းမတ်လက်ရွေးစင် ကစားသမားဟာ ယူရိုပြိုင်ပွဲမှာ နှလုံးရောဂါကြောင့် ကွင်းအတွင်းလဲကျပြီးတည်းက ပွဲမကစားရသေးတာဖြစ်ပါတယ်။

အဲရစ်ဆန် ဟာ နှလုံးရောဂါကြောင့် နှလုံးထိန်းချုပ်တဲ့ စက်ကို တပ်ဆင်ထားရတာပါ။အဲ့ဒါကြောင့်လည်း စီးရီးအေမှာ ကစားခွင့်မရတော့ပဲ အင်တာမီလန် အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ကာ လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေခဲ့တာဖြစ်ပါတယ်။

အဲရစ်ဆန် ဟာ (၂၀၂၂) ကမ္ဘာ့ဖလားကို ဒိန်းမတ်လက်ရွေးစင် အသင်းနဲ့ အတူ ပါဝင်ကစားချင်တဲ့ သူ့ရဲ့အိမ်မက်ကြောင့် ကလပ်အသင်းတသင်းကို ရှာဖွေနေတာဖြစ်ပါတယ်။မေရာကတော့ အဲရစ်ဆန် ဟာ မကြာခင်ရက်ပိုင်းမှာ ဘရန်ဖိုဒ့် အသင်းနဲ့ စာချုပ်ချုပ်တော့မယ်လို့ ဖော်ပြခဲ့တာပါ။

အဲရစ်ဆန် ဟာ သူ့ရဲ့ကြံခိုင်မှုပိုင်းကို တည်ဆောက်ဖို့ အတွက် အသင်းဟောင်း အေဂျတ်စ် အသင်းနဲ့ လေ့ကျင့်မှုတွေပြုလုပ်ခဲ့ပါတယ်။အေဂျတ်စ် ကစားသမားတွေဟာ လေ့ကျင့်ရေးမှာ အဲရစ်ဆန် ရဲ့ကြံခိုင်မှုကို ထိတ်လန့်တုန်လှုပ်မိတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အဲရစ်ဆန် ဟာ ဘရန်ဖိုဒ့် အသင်းနဲ့ ချိတ်ဆက်နိုင်ဖို့ အတွက် ဆေးစစ်မှုအောင်ဖို့သာ လိုအပ်တော့တာပါ။အဲရစ်ဆန် ကို ခေါ်ယူဖို့ ဂျာမန်နဲ့ နယ်သာလန် ကလပ်တွေက စိတ်ဝင်စားနေတယ်လို့လည်း သတင်းတွေ ထွက်နေတာဖြစ်ပါတယ်။

အဲရစ်ဆန် ဟာ ပြီးခဲ့တဲ့ရာသီက အင်တာမီလန် အသင်းကို စီးရီးအေဖလား ရရှိအောင် ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။ဒိန်းမတ် ကစားသမားဟာ စပါး အသင်းမှာ ကစားခဲ့တုန်းကလည်း ပရိသတ်တွေ ကြိုက်နှစ်သက်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ သူပါ။

အဲရစ်ဆန် ဟာ စပါး အသင်းအတွက် ပရီးမီးယားလိဂ် (၂၂၆)ပွဲပါဝင်ကစားကာ (၅၁)ဂိုးသွင်းပြီး (၆၇)ဂိုးဖန်တီးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။