လီဂူးဝမ်း ၄ပွဲကစားအပြီးမှာ မက်ဆီ ရဲ့လိဂ်သွင်းဂိုး အရေအတွက် တူညီသွားတဲ့ ရာမို့စ်

ရာမို့စ် ကတော့ ဒီမနက်က ကစားခဲ့တဲ့ ပီအက်စ်ဂျီ အသင်းက ရိမ်းစ် အသင်းကို (၄)ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပီအက်စ်ဂျီ ကစားသမားဘဝ ပထမဆုံးသွင်းဂိုးကို ရယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ရာမို့စ် ဟာ ပွဲချိန်(၆၁)မိနစ်မှာ ပီအက်စ်ဂျီ အသင်း ရရှိတဲ့ ထောင့်ကန်ဘောကနေ ဂိုးသမား ပုတ်ထုတ်ပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို ဂိုးသမားနဲ့ အနီးကပ်အနေအထားကနေ ကန်သွင်းယူသွားခဲ့တာပါ။

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က ရီးရယ်လ် ကနေ အလွတ်နဲ့ ရောက်ရှိလာတဲ့ ရာမို့စ် ဟာ ဒဏ်ရာပြဿနာတွေကြောင့် ပီအက်စ်ဂျီ ကစားသမားဘဝအစကို ခက်ခဲစွာ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ ရာမို့စ် ဟာ ပီအက်စ်ဂျီ ကစားသမားဘဝ ပထမဆုံးဂိုးကို ရယူသွားနိုင်ခဲ့တာပါ။ဂိုးသွင်းအားကောင်းတဲ့ ခံစစ်ကစားသမားဖြစ်တဲ့ ရာမို့စ် အတွက်တော့ ပီအက်စ်ဂျီ ကစားသမားဘဝ ပထမဆုံးကို ပြိုင်ပွဲစုံ(၅)ပွဲကစားအပြီးမှာ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

စပိန်နောက်ခံလူ ဟာ လီဂူးဝမ်းပြိုင်ပွဲမှာတော့ (၄)ပွဲသာ ကစားထားရပြီး ပထမဆုံးသွင်းဂိုး သွင်းယူနိုင်ခဲ့တာပါ။ရာမို့စ် ဟာ ပီအက်စ်ဂျီ ကစားသမားဘဝမှာ အနီကတ်လည်း ထိပြီးဖြစ်တာကြောင့် အခု သွင်းဂိုးရခဲ့တာဟာ သူ့ရဲ့ပြင်သစ်ကလပ် ကစားသမားဘဝ ပြည့်စုံသွားပြီလို့တောင် ပြောလို့ရပါတယ်။

ရာမို့စ် အနေနဲ့ ဒုတိယရာသီဝက်မှာ ပီအက်စ်ဂျီ အတွက် ဆုဖလားအောင်မြင်မှုတွေရယူပေးဖို့ အတွက် အဓိကျတဲ့ အခန်းကဏ္ဍကနေ ကူညီပေးနိုင်မလားဆိုတာ စောင့်ကြည့်ရဦးမှာလည်းဖြစ်ပါတယ်။

ဒီပွဲမှာ ကိုဗစ်ကူးစက်မှုကနေ ပြန်လည်သက်သာလာပြီဖြစ်တဲ့ မက်ဆီလည်း လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ကာ ပီအက်စ်ဂျီ အသင်းကတော့ ရိမ်းစ် အသင်းကို သက်တောင့်သက်သာနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။