ဆီဗီလာ ကို အငှားနဲ့ ပြောင်းရွှေ့တော့မယ့် ယူနိုက်တက် ပရိသတ် အချစ်တော် မာရှယ်

မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမား မာရှယ် ဟာ ဆီဗီလာ အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိသွားပြီလို့ နာမည်ကျော် ဂျာနယ်လစ် ဖာဘရီဇီယို ရိုမန်နို က အတည်ပြုလိုက်ပါတယ်။

ကလပ်အသင်း(၂)သင်းလုံးဟာ အပြောင်းအရွှေ့အတွက် သဘောတူညီမှုရခဲ့တာဖြစ်ပြီး ကစားသမားကလည်း ဒီအပြောင်းအရွှေ့ကို လက်ခံခဲ့တာပါ။မာရှယ် ကိုယ်တိုင်ကလည်း ဆီဗီလာ ကိုပဲ ပြောင်းရွှေ့ဖို့ ဦးစားပေးသတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ဆီဗီလာ အသင်းဟာ မာရှယ် ကို ခေါ်ယူဖို့ ချိတ်ဆက်နေတာကြာပြီဖြစ်ပြီး လုပ်ခလစာနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေဟာ ကြာမြင့်နေခဲ့တာပါ။အခုအချိန်မှာတော့ လုပ်ခလစာ အတွက် သဘောတူညီမှုရခဲ့တာဖြစ်ပြီး ဆီဗီလာ အသင်းဟာ ဇွန်လအထိ မာရှယ်ကို လုပ်ခလစာပေးချေမှာဖြစ်ပါတယ်။

မာရှယ် ဟာ မကြာခင် နာရီပိုင်းအတွင်းမှာ စပိန် ကို သွားပြီး အပြောင်းအရွှေ့အပြီးသတ်ဖို့ ဆေးစစ်မှုတွေနဲ့ စာချုပ်ချုပ်ဆိုဝာာတွေ ပြုလုပ်သွားကာ ဆီဗီလာ ကစားသမားအဖြစ် တရားဝင်ကြေညာခံရတော့မှာပါ။

မာရှယ် ဟာ ဝက်စ်ဟမ်း အသင်းကို အနိုင်ရတဲ့ ပွဲမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပြီး အသင်းအနိုင်ဂိုးရဖို့ အတွက် အားထုတ်ကူညီပေးခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ပုံမှန်ကစားချင်တာကြောင့် အသင်းက ထွက်ခွာဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

မာရှယ် ဟာ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မယ့် ပြင်သစ် လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရဖို့ ပစ်မှတ်ထားနေတာကြောင့် ပုံမှန်ကစားခွင့်ရနိုင်မယ့် ဆီဗီလာ အသင်းကို အငှားနဲ့ ပြောင်းရွှေ့တော့မှာလည်းဖြစ်ပါတယ်။

To

ပြင်သစ် ကစားသမားဟာ ဒီရာသီ မန်ချက်စတာယူနိုက်တက် အသင်းတိုက်စစ်ပိုင်းမှာ ရော်နယ်ဒို၊ရက်ရှ်ဖိုဒ့်၊ကာဗာနီနဲ့ ဂရင်းဝုဒ် တို့ကြောင့် ပွဲကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပြီး (၁)ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။