မက်ဆီရဲ့ ပီအက်စ်ဂျီ ပွဲတွေမကြည့်ဖူးပဲ မက်ဆီရဲ့ အကြောင်းတွေ မပြောပါနဲ့ ဘန်ဇီမာ

ဘန်ဇီမာ ကတော့ မကြာသေးခင်က မက်ဆီရဲ့ ပီအက်စ်ဂျီ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ကာကွယ်ပေးတဲ့ မှတ်ချက်စကားပြောခဲ့ပေမယ့် ကစားသမားဟောင်း ဂျရုန်းရိုသန် ကတော့ ဒီစကားတွေနဲ့ ပတ်သက်ကာ အဆင်မပြေသလို ခံစားနေရတာဖြစ်ပါတယ်။

ဂျရုန်းရိုသန် ဟာ RMC Sports မှာ မက်ဆီကို ဝေဖန်တာဟာ တရားမျှတတယ်လို့ ယူဆာတာကြောင့် ရီးရယ်လ် တိုက်စစ်မှုး ဘန်ဇီမာ ကို ပြစ်တင်ဝေဖန်ခဲ့တာဖြစ်ပါတယ်။ဂျရုန်းရိုသန် က “ပီအက်စ်ဂျီ ပွဲတွေ မကြည့်ရသေးလို့ သူဒီလို ပြောနေတာပါ။သူကြည့်လိုက်ရမယ်ဆိုရင်တော့ အနည်းငယ်ဝေဖန်နေမိပါလိမ့်မယ်”လို့ ပြောခဲ့ပါတယ်။

ဂျရုန်းရိုသန် ကတော့ ဘာစီလိုနာမှာ ရှိတဲ့ မက်ဆီဟာ ပီအက်စ်ဂျီမှာ ရှိတဲ့ မက်ဆီနဲ့ မတူတာကို နားလည်ထား တာလည်းဖြစ်ပါတယ်။”တကယ်တော့ ဒါဟာ ပီအက်စ်ဂျီ ကို မရောက်ခင်တည်းက ကျွန်တော်တို့ သိထားတဲ့ မက်ဆီ မဟုတ်တော့ပါဘူး။အဲ့ဒါကြောင့် ဝေဖန်မှုတွေက အပြုသဘောဆောင်ပြီး အမြဲတမ်း အပျက်သဘောမျိုး ဆောင်တာတော့မဟုတ်ပါဘူး”

“မက်ဆီ ဟာ သူ့ရဲ့ အကောင်းဆုံးအခိုက်အတန့်မှာ မရှိဘူးလို့ ပြောတာက ဘောလုံးအကြောင်းကို ဘာမှမသိဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ကျွန်တော် တောင်းပန်ပါတယ်။ကျွန်တော့်မှာ အသိပညာတွေပေးတဲ့ ဘုရားသခင်မရှိပါဘူး”

“ကျွန်တော် ထိပ်တန်းအဆင့်မှာ (၁၆)၊(၁၇)နှစ်လောက် ကစားခဲ့ပေမယ့် ဘန်ဇီမာ ကတော့ ဘောလုံးအကြောင်း ဘာမှမသိဘူးလို့ စွပ်စွဲခဲ့ပါတယ်။ကျွန်တော် အသက်(၅)နှစ် အရွယ်တည်းက ဘောလုံးကစားခဲ့တာဖြစ်ပြီး ကစားသမားဘ၀ ကုန်ဆုံးချိန်မှာ အကြံပေးတဦးဖြစ်လာခဲ့ပါတယ်”

“ဘာလို့လဲဆိုရင် ကျွန်တော်ဟာ ဘောလုံးကို ချစ်မြတ်နိုးလို့ပါ။ကျွန်တော် တောင်းပန်ပါတယ် ဘန်ဇီမာရေ ဒါပေမယ့် မင်းနည်းနည်းဝေးကွာသွားပါပြီ”လို့ ဂျရုန်းရိုသန် က ပြောခဲ့တာဖြစ်ပါတယ်။မက်ဆီ ဟာ ပီအက်စ်ဂျီ အသင်းမှာ ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ(၆)ဂိုးသာ သွင်းယူထားတာပါ။

Y hi

အာဂျင်တီးနား ကစားသမားရဲ့ စွမ်းဆောင်ရည်ပိုင်းကို ဝေဖန်ခဲ့ကြလို့ ဘန်ဇီမာ က မက်ဆီ ကို ဝေဖန်တဲ့သူဟာ ဘောလုံးအကြောင်းကို နားမလည်တဲ့သူဖြစ်တယ်လို့ မကြာသေးခင်က ပြောခဲ့တာဖြစ်ပါတယ်။