လင်ဂတ် ကို အငှားနဲ့ ခေါ်ယူတော့မှာမဟုတ်တဲ့ ပရီးမီးယားလိဂ်ကလပ်

နယူးကာဆယ် အသင်းဟာ အခုနှစ်ရာသီအကုန်ထိ မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမား လင်ဂတ် ကို အငှားနဲ့ ခေါ်ယူမယ့် ပြိုင်ဆိုင်မှုတွေကနေ နုတ်ထွက်လိုက်ပြီလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ လင်ဂတ် ကို ခေါ်ယူဖို့ ၀က်စ်ဟမ်းနဲ့ စပါးတို့ရဲ့ ကမ်းလှမ်းမှုတွေကို မန်ချက်စတာကလပ်က ပယ်ချထား တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် လင်ဂတ်ကို ကာလတိုစာချုပ်နဲ့ ခေါ်ယူဖို့ နယူးကာဆယ် အသင်းက ရေပန်းစားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် နယူးကာဆယ် အသင်းဟာ အခုနှစ်ရာသီအကုန်ထိ လင်ဂတ်ကို ခေါ်ယူမယ့် မျှော်လင့်ချက်ကို စွန့်လွှတ်လိုက်ပြီလို့ Sky Sports သတင်းက ဖော်ပြထားတာပါ။

နယူးကာဆယ် အသင်းဟာ လင်ဂတ်ကို အငှားခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက် အသင်းက တောင်းဆိုထား တဲ့ အငှားအခကြေးငွေကို ပေးချေဖို့ မပြင်ဆင်ထားဘူးလို့ သိရပါတယ်။အဲ့ဒါကြောင့် အဆိုပြုထားတဲ့ သဘောတူညီချက်တွေဟာ ပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။

လင်ဂတ်နဲ့ မန်ချက်စတာယူနိုက်တက် တို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၆)လသာ ကျန်ရှိတော့တာကြောင့် အင်္ဂလန် ကစားသမားဟာ အိုးထရက်ဖိုဒ့်ကနေ ရာသီကုန်ချိန်မှာ အလွတ်နဲ့ ထွက်ခွာသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

လင်ဂတ် ဟာ နည်းပြဟောင်း ဆိုးလ်ရှား လက်ထက်မှာ ပွဲကစားခွင့်ရရှိခဲ့ပေမယ့် ယာယီနည်းပြ ရက်ဂ်နစ် လက်ထက်မှာတော့ ပွဲကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရတာပါ။လင်ဂတ် ဟာ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် (၁၄)ပွဲပါ၀င်ကစားထားပြီး (၂)ဂိုးသွင်းယူကာ (၁)ဂိုးဖန်တီးထားတာဖြစ်ပါတယ်။

လင်ဂတ် ဟာ ပရီးမီးယားလိဂ်မှာတော့ ဒီရာသီ (၈၈)မိနစ်သာ ပါ၀င်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။အင်္ဂလန် ကစားသမားဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီကလည်း ၀က်စ်ဟမ်း အသင်းထံ အငှားသွားကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် လန်ဒန်ကလပ်က အပြီးသတ်၀ယ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။

ဒါပေမယ့် လင်ဂတ်ဟာ မန်ချက်စတာယူနိုက်တက် အသင်းမှာပဲ ဆက်ရှိခဲ့ပေမယ့် အခုအချိန်မှာတော့ ပွဲကစားခွင့်မရတာကြောင့် နောက်တကြိမ်အငှားနဲ့ ထွက်ခွာဖို့ ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။