ရော်နယ်ဒို မပါတဲ့ ဟာလန်းရဲ့ကမ္ဘာ့အကောင်းဆုံး ကစားသမား ၃ဦး

ဒေါ့မွန် တိုက်စစ်မှူး ဟာလန်း ကတော့ ပြီးခဲ့တဲ့ (၂၀၂၁) ရဲ့ကမ္ဘာ့အကောင်းဆုံး ကစားသမား (၃)ဦးကို ပြောလိုက်ပြီး သူဟာ အခုထက်ပိုပြီး တိုးတက်လာနိုင်သေးတယ်လို့ ပြောလိုက်ပါတယ်။

ဟာလန်း ရွေးချယ်ခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမား(၃)ဦးကတော့ လီဝန်ဒေါစကီး၊ဘန်ဇီမာနဲ့ မက်ဆီ တို့ ဖြစ်ပါတယ်။လီဝန်ဒေါစကီး ဟာ ဘောလွန်းဒီအောဆုကို မက်ဆီ ရခဲ့လို့ မရခဲ့ပေမယ့် ဖီဖာရဲ့အကောင်းဆုံးကစားသမား ဆုကို ရယူနိုင်ခဲ့တာပါ။

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟာ ဒီဆုကို (၂)နှစ်ဆက်တိုက်ရရှိခဲ့တာဖြစ်ပါတယ်။လီဝန်ဒေါစကီး ဟာ ဂတ်မူလာ ရဲ့(၄၃)နှစ်ကြာ ဘွန်ဒစ်လီဂါ စံချိန်ကို ချိုးဖျက်ခဲ့ပြီး မနှစ်ကတနှစ်လုံးမှာ (၆၉)ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီ ကလည်း နိုင်ငံအသင်းနဲ့ ကိုပါအမေရိကဖလား ရခဲ့လို့ ဘောလွန်းဒီအောဆုကို (၇)ကြိမ်မြောက်အဖြစ် ရယူနိုင်ခဲ့တာပါ။ဘန်ဇီမာ ဟာ ပြီးခဲ့တဲ့နှစ်မှာ ရီးရယ်လ်နဲ့ ပြင်သစ်လက်ရွေးစင် အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြ ဂိုးတွေသွင်းယူခဲ့တာဖြစ်ပါတယ်။

(၂၀၂၁)အတွက် ထိပ်တန်းကစားသမား(၃)ဦးကို မေးခဲ့ရာမှာ ဟာလန်းက “ဒါဟာ မေးခွန်းကောင်းပါပဲ။ကျွန်တော့်အတွက်တော့ လီဝန်ဒေါစကီးက နံပတ်(၁)လို့ ပြောရမယ်ထင်ပါတယ်။ပြီးတော့ ဘန်ဇီမာလည်း ရှိတယ် ဒါပေမယ့် မက်ဆီကလည်း ထူးချွန်ပါတယ်။အဲ့ဒါကြောင့် ဘန်ဇီမာနဲ့ မက်ဆီ တို့က ဒုတိယနဲ့တတိယကို မျှဝေခဲ့ကြပါတယ်”လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ဟာလန်း က “ကျွန်တော်ဟာ အရာတိုင်းကို တိုးတက်မှုတွေရှိမယ်လို့ ထင်ပါတယ်။ ကျွန်တော်ဟာ အဆုံးသတ်ပိုင်းကို ပိုကောင်းတယ်လို့ ပြောရင် ဒါကို ပိုပြီးတိုးတက်အောင်လုပ်နိုင်ပါတယ်။မြန်တယ်လို့ ပြောရင် ဒါကို ပိုတိုးတက်အောင်လုပ်ရပါမယ်”

“ဒါ‌ပေမယ့် တခုခုကို တိုးတက်အောင်လုပ်ရမယ်ဆိုရင် ဒဏ်ရာမရဖို့လိုပါတယ်။ဒဏ်ရာမရမှလည်း ဂိမ်းတွေအများကြီးကစားပြီး ဒီထက်ပိုကောင်းအောင်လုပ်လို့ရမှာပါ။အခုနှစ်အတွက် ကျွန်တော့်ရဲ့ရည်မှန်းချက်က ဒဏ်ရာကင်းစင်ဖို့ပါပဲ။ဒဏ်ရာမရဖို့က အဓိက အရာပါပဲ”လို့ ပြောခဲ့တာဖြစ်ပါတယ်။