ကလေးဘဝက Idol ရော်နယ်ဒို ရဲ့ကြိုဆိုခြင်းခံရလို့ ကြည်နူးနေတဲ့ မာရှယ်

မန်ချက်စတာယူနိုက်တက် ကနေ ‌ဆီဗီလာ ကို အငှားနဲ့ ပြောင်းရွှေ့ခဲ့တဲ့ မာရှယ် ကတော့ ဘရာဇီးလ် ဂန္တဝင်ကြီး ရော်နယ်ဒို ရဲ့ကြိုဆိုခြင်းခဲခဲ့ရလို့ ကြည်နူးနေခဲ့တာဖြစ်ပါတယ်။

မာရှယ် ဟာ အခုနှစ်ရာသီအကုန်ထိ ဆီဗီလာ အသင်းကို အငှားနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။မာရှယ် ကို သူရဲ့ကလေးဘဝက Idol ဖြစ်တဲ့ ရော်နယ်ဒို က မက်ဆေ့ပေးပို့တဲ့ ဗီဒီယိုဖိုင်ကို ဆီဗီလာ အသင်းက အားကစားကွင်းကြီးထဲက ကြီးမားတဲ့ မျက်နှာပြင်မှာ ပြသခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို က “ဟေး မာရှယ် နေကောင်းလား လာလီဂါနဲ့ ဆီဗီလာ က ကြိုဆိုပါတယ်။သူတို့က စပိန်ရဲ့အသင်းကြီးဖြစ်သလို ဥရောပရဲ့ကြီးကျယ်ခမ်းနားတဲ့ အသင်းတသင်းလည်းဖြစ်ပါတယ်။သူတို့မှာ ကြီးမားတဲ့ ပရိသတ်တွေရှိပြီး မြို့ကလည်းအလွန်ကောင်းပါတယ်။ကံကောင်းပါစေ”လို့ ပြောခဲ့တာပါ။

မာရှယ် ဟာ ရော်နယ်ဒို ကို ကြည့်ပြီး ကြီးပြင်းလာခဲ့တာဖြစ်ပြီး ဘရာဇီးလ် ဂန္တဝင် ကစားသမားဟာ ရီးရယ်လ်နဲ့ ဘာကာ အသင်းတွေမှာ ကစားခဲ့တာဖြစ်ပါတယ်။သူဟာ ဘာစီလိုနာ အတွက် လိဂ်ဂိုး(၃၄)ဂိုး၊ရီးရယ်လ် အတွက် လိဂ်ဂိုး(၈၃)ဂိုးသွင်းယူနိုင်ခဲ့တာပါ။

မာရှယ် ကတော့ ရော်နယ်ဒို လာလီဂါမှာ စွမ်းဆောင်ခဲ့တဲ့ ပုံစံအတိုင်း သူလည်း ဆီဗီလာ အသင်းမှာ စွမ်းဆောင်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။မာရှယ် က “ကျွန်တော် ဟာ မွန်ချီ၊လိုပတ်တီဂွီ တို့နဲ့ အဆက်အသွယ်ရခဲ့ပြီး သူတို့က ဒီကို လာဖို့ ဆွဲဆောင်ခဲ့တာပါ”

“ကျွန်တော်ဟာ ဒီထက်ပိုပြီး ကစားချင်တဲ့ အတွက် ဆီဗီလာ မှာ ဘာတွေလုပ်နိုင်လဲဆိုတာကို ပြသဖို့ ဒီကို ရောက်လာတာပါ။အိုကမ်ပို့စ်၊ကူအန်ဒီ တို့နဲ့လည်း ကောင်းမွန်စွာသိပြီး သူတို့ကူညီပေးနိုင်ဖို့ မျှော်လင့်ပါတယ်။သူတို့ကလည်း ကျွန်တော့်ကို နွေးထွေးစွာကြိုဆိုပါတယ်”

“ဒီရာသီမှာ အသင်းကို ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောခဲ့ပါတယ်။ဆီဗီလာ အသင်းဟာ မာရှယ် ကို အပြီးသတ်ဝယ်ယူဖို့ ရမှာမဟုတ်သလို အငှားခေါ်ယူခလည်း ‌မပေးရပေမယ့် သူ့ရဲ့လစာကိုသာ ပေးချေရမှာဖြစ်ပါတယ်။