သော်မတ်စ်မူလာ ကို ခေါ်ယူဖို့ ထိပ်တိုက်တွေ့နေတဲ့ ပရီးမီးယားလိဂ် ၂သင်း

နယူးကာဆယ်နဲ့ အဲဗာတန် အသင်းတို့ဟာ ဘိုင်ယန်မြူးနစ် အသင်းတိုက်စစ်မှူး သော်မတ်စ်မူလာ ကို ခေါ်ယူဖို့ ထိပ်တိုက်တွေ့ဆုံနေကြတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။အသက်(၃၂)နှစ်အရွယ်ရှိ သော်မတ်စ်မူလာ နဲ့ ဘိုင်ယန်မြူးနစ် တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၁၈)လသာရှိတော့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းအနေနဲ့ ဂျာမန်ကစားသမားကို ဆက်လက်သက်တမ်းတိုးမယ်ဆိုရင်တော့ ဆက်လက်မြင်တွေ့မြင်ရမှာလည်းဖြစ်ပါတယ်။သော်မတ်စ်မူလာ ဟာ လက်ရှိနည်းပြ နာဂယ်လ်စမန်း လက်ထက်မှာလည်း အဓိက ကစားသမားအဖြစ် ခြေစွမ်းပြသနေတာပါ။

သူဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ် အသင်းအတွက် ပြိုင်ပွဲစုံ(၂၉)ပွဲပါ၀င်ကစားထားပြီး (၉)ဂိုးသွင်းယူကာ ဂိုး(၂၀)ဖန်တီးထားတာလည်းဖြစ်ပါတယ်။ဒါပေမယ့် သော်မတ်စ်မူလာနဲ့ ဘိုင်ယန်မြူးနစ် တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၂၀၂၃)မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ အဲဗာတန်နဲ့ နယူးကာဆယ် တို့ဟာ သော်မတ်စ်မူလာ ကို ခေါ်ယူဖို့ စ်ိတ်၀င်စားနေတယ်လို့ Bild ဂျာနယ်လစ် ခရစ်စတီယန်ဖော့ခ် က ဖော်ပြခဲ့တာဖြစ်ပါတယ်။ဂျာမန် ကစားသမား ဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ် အသင်းအတွက် ဘွန်ဒစ်လီဂါ ပွဲ(၂၀)ကိ်ု ပွဲစတည်းက ပါ၀င်ခဲ့ရတာပါ။

အဲ့ဒါကြောင့် သော်မတ်စ်မူလာ ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အောက်ခြေနားမှာ ရှိတဲ့ အဲဗာတန်နဲ့ နယူးကာဆယ် ကို ပြောင်းရွှေ့ဖို့ တွန့်ဆုတ်နေမှာလည်းဖြစ်ပါတယ်။အဲဗာတန်နဲ့ နယူးကာဆယ် အသင်းတို့ ဟာ ဒီရာသီမှာ ရလဒ်တွေဆိုးရွားနေပြီး နည်းပြတွေ အပြောင်းအလဲပြုလုပ်ထားတာပါ။

သော်မတ်စ်မူလာ ဟာ ဘိုင်ယန်မြူးနစ် အသင်းအတွက် ပြိုင်ပွဲစုံ(၆၁၀)ပွဲပါ၀င်ကစာထားပြီး (၂၂၃)ဂိုးသွင်းယူကာ (၂၃၈)ဂိုးဖန်တီးထားတာဖြစ်ပါတယ်။သော်မတ်စ်မူလာ ဟာ ဘိုင်ယန်မြူးနစ် အသင်းနဲ့အတူ ဘွန်ဒစ်လီဂါဖလား(၁၀)ကြိမ်၊ချန်ပီယံလိဂ်ဖလား(၂)ကြိမ်အပါအ၀င် ဆုဖလားအများအပြား ရယူထားတာပါ။

သော်မတ်စ်မူလာ ဟာ ဂျာမနီ လက်ရွေးစင် အသင်းအတွက်လည်း ပွဲပေါင်း(၁၁၀)ပါ၀င်ကစားထားပြီး (၄၂)ဂိုးသွင်းယူကာ (၂၀၁၄) ကမ္ဘာ့ဖလားချန်ပီယံဆုရယူထားတာဖြစ်ပါတယ်။