ဗလာဟို‌ဗစ် ပြီးတော့‌ ဂျော်ဂျင်ဟို ဘက်ပါ လှည့်လာတဲ့ ဂျုဗင်တပ်စ်

ဂျုဗင်တပ်စ် အသင်းဟာ ချယ်လ်ဆီး အသင်း ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟို ကို ခေါ်ယူဖို့ နောက်ထပ်ချဉ်းကပ်မှုတွေပြုလုပ်လာခဲ့တယ်လို့ အီတလီကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဂျုဗင်တပ်စ် အသင်းဟာ ချယ်လ်ဆီးနည်းပြဟောင်း ဆာရီ အသင်းကို ကိုင်တွယ်ခဲ့တဲ့ အချိန်တည်းက ဂျော်ဂျင်ဟို ကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့တာပါ။ဂျု‌ဗင်တပ်စ် အသင်းဟာ အခုအချိန်ထိလည်း ဂျော်ဂျင်ဟို ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ဂျော်ဂျင်ဟို ဟာ လွန်ခဲ့တဲ့နှစ်တွေတည်းက ချယ်လ်ဆီးနဲ့ အီတလီမှာ အရေးပါတဲ့ ကစားသမားအဖြစ် ခြေစွမ်းပြသနေတာပါ။သူဟာ ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီး အသင်းကို ချန်ပီယံလိဂ်ဖလားရအောင်ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အီတလီ အသင်းကိုလည်း ယူရိုပြိုင်ပွဲမှာ ချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။အသက်(၃၀)အရွယ် ကစားသမားဟာ ဒီရာသီမှာလည်း ခြေစွမ်းကောင်းတွေကို ဆက်လက်ပြသနေတာဖြစ်ပါတယ်။သူဟာ ချယ်ဆီး အတွက် (၂၉)ပွဲကစားထားပြီး (၉)ဂိုးသွင်းယူထားတာပါ။

ဒါပေမယ့် ချယ်လ်ဆီးနဲ့ ဂျော်ဂျင်ဟို တို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၂၀၂၃) မှာ ကုန်ဆုံးမှာဖြစ်တာကြောင့် ကာလကြာရှည်အနာဂတ်အတွက် သံသယရှိနေတာလည်းဖြစ်ပါတယ်။ဂျုဗင်တပ်စ် ဟာ ဂျော်ဂျင်ဟို ကို ခေါ်ယူဖို့ စိတ်အားထက်သန်နေတာဖြစ်ပြီး သူ့ရဲ့အဖော်နဲ့လည်း ဆက်သွယ်မှုတွေပြုလုပ်နေတယ်လို့ လာကာဇတ်တာဒယ်လိုစပေါ့က ဖော်ပြထားတာပါ။

ဂျုဗင်တပ်စ် အသင်းဟာ ဘာစီလိုနာ ကွင်းလယ်ကစားသမား ဒီဂျောင် ကိုလည်း ခေါ်ယူဖို့ စဉ်းစားနေတာဖြစ်ပါတယ်။ဂျော်ဂျင်ဟို ရဲ့အေးဂျင့် က ဂျုဗင်တပ်စ် အသင်းဟာ သူ့ရဲ့ကစားသမားကို ခေါ်ယူဖို့ ဆာရီကိုင်တွယ်နေတဲ့ (၂၀၁၉)နဲ့ (၂၀၂၀) ကြားထဲမှာ ကြိုးပမ်းခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။

ဂျုဗင်တပ်စ် အသင်းဟာ မကြာသေးခင်ကလည်း ဖီအိုရင်တီးနား တိုက်စစ်မှူး ဗလာဟိုဗစ် ကို ပေါင်(၆၃)သန်းနီးပါးနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိထားတာလည်းဖြစ်ပါတယ်။