အာဂျင်ကို အဲကွန်းလည်းဖြတ်၊ ရေလည်းပေးမချိုးဘဲ ပညာပြလွှတ်လိုက်တဲ့ ချီလီ

ချီလီနဲ့အာဂျင်တီးနားတို့ ဒီမနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန်ပွဲစဥ်မှာတော့ အာဂျင်တီးနားက ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အာဂျင်တီးနားဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ပြီး အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်နေတဲ့ အသင်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒေသတွင်း အဓိကပြိုင်ဘက်တွေထဲက တသင်းဖြစ်တဲ့ ချီလီကို အာဂျင်တီးနားတို့ အနိုင်ကစားခဲ့တာဖြစ်ပါတယ်။ တဖက်မှာလည်း ချီလီမှာ ကစားတဲ့ပွဲမှာ အာဂျင်တီးနားတို့ အဆင်မပြေမှုမျိုးစုံ ကြုံခဲ့ရတဲ့အကြောင်းကို အာဂျင်တီးနား ကွင်းလယ်လူ ရိုဒရီဂိုဒီပေါလ်က အခုလိုပဲ ပြောကြားလာပါတယ်။

ရိုဒရီဂို ဒီပေါလ်က “ကျနော်တို့ လေယာဥ်ပေါ်က ဆင်းလာချိန်မှာ ချီလီက ကျနော်တို့ကို ရေတောင်ချိုးခွင့် မရအောင် လုပ်ထားတာပါ။ အဲကွန်းတွေလည်းဖြတ်ထားတယ်၊ ရေပူလည်း မရခဲ့ပါဘူး”

“ဒါကို မှန်တယ်၊ မှားတယ် ကျနော် ပြောနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ အာဂျင်တိုင်းသားတွေကတော့ ကျနော်တို့ဆီကို လာပြီဆိုတာနဲ့ ဧည့်သည်အသင်းကို သက်သောင့်သက်သာဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါတယ်”

“ကျနော်တို့က ကွင်းထဲမှာပဲ နိုင်ပွဲရရှိအောင် ကြိုးစားတာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ အာဂျင်တီးနားမှာ အသင်းခေါင်းဆောင် မက်ဆီ ကိုဗစ် နောက်ဆက်တွဲဒဏ်တွေကြောင့် မပါဝင်နိုင်ခဲ့ဘဲ လက်ရွေးစင် လူစာရင်းကနေ ချန်လှပ်ခဲ့ရပါတယ်။

ဒါပေမယ့် အာဂျင်တီးနားတို့ ချီလီကို ဒီမာရီယာ၊ လော်တာရိုမာတီနက်ဇ်တို့ရဲ့ ဂိုးတွေနဲ့အတူ အဝေးကွင်းမှာ အခုလိုမျိုးပဲ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။