ဝိန်းရွန်နီ မလာလို့ လမ်းပတ်ကို နည်းပြသစ် အဖြစ် ခန့်အပ်တော့မယ့် အဲဗာတန်

အဲဗာတန် အသင်းဟာ လမ်းပတ် ကို နည်းပြသစ်အဖြစ် ခန့်အပ်တော့မယ်လို့ အားကစားသတင်းတွေအများအပြားက ‌ဖော်ပြထားပါတယ်။အဲဗာတန် အသင်းဟာ ကစားသမားဟောင်း ဝိန်းရွန်နီ ကို ခန့်အပ်ဖို့ ကြိုးစားခဲ့ပေမယ့် ငြင်းပယ်ခဲ့လို့ လမ်းပတ်ကို ခန့်အပ်တော့မှာဖြစ်ပါတယ်။

အဲဗာတန် အသင်းဟာ ရလဒ်ဆိုးတွေကြောင့် နည်းပြ ဘင်နီတက်စ် ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ် ရှာပုံတွေဖွင့်နေခဲ့တာပါ။အဲဗာတန် အသင်းဟာ ပေါ်တိုနည်းပြဟောင်း ဗစ်တာပါရဲရားကိုခန့်အပ်ဖို့ ရှိခဲ့ပေမယ့် ပရိသတ်တွေက ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။

အဲဗာတန် အသင်းဟာ နည်းပြဟောင်း မာတီးနတ်စ်၊ယာယီနည်းပြ ဒန်ကန်ဖာဂူဆန် တို့ကလည်း ဝိန်းရွန်နီ နဲ့ အတူ နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားခဲ့တာပါ။ဝိန်းရွန်နီ ကတော့ ဒါဘီ အသင်းနဲ့ အတူ ဆက်ရှိချင်တာကြောင့် ဒီကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာပါ။

အဲ့ဒါကြောင့် အဲဗာတန် အသင်းဟာ လမ်းပတ် ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။အဲဗာတန် အသင်းဟာ လမ်းပတ် ကို ဘရန်ဖိုဒ့်နဲ့ ကစားမယ့် အက်ဖ်အေဖလား ပွဲစဉ်မှာ စတင်ကိုင်တွယ်စေဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

လမ်းပတ် ဟာ ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီး အသင်းကနေ ထုတ်ပယ်ခံရပြီးတည်းက အသင်းလက်မဲ့ဖြစ်နေပြီး အနားယူနေတာပါ။

လမ်းပတ် ဟာ ပြီးခဲ့တဲ့ရာသီ အကုန်က ပဲလေ့စ် အသင်းနည်းပြဖြစ်ဖို့ ရေပန်းစားခဲ့သလို နယူးကာဆယ်၊နော်ဝစ်ခ်ျ အသင်းတို့ရဲ့နည်းပြသစ်တွေဖြစ်လာဖို့လည်း ချိတ်ဆက်ခံခဲ့ရတာဖြစ်ပါတယ်။

အဲဗာတန် အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရလဒ်တွေဆိုးရွားနေတာဖြစ်ပြီး ရမှတ်(၁၉)မှတ်နဲ့ တန်းဆင်းဇုန်အထက်က အသင်းက အသင်းနဲ့ (၃)မှတ်အကွာ အဆင့်(၁၆)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။